RVTIACF Chapter-(11)

3.8K 533 30
                                    

CHAPTER-(11)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူတုံချီသတင်းစာကိုကြည့်ကာ မသိမသာအမူအရာပြောင်းသွားသည်။ သူအတော်ကြာသည်အထိ စကားမပြောပေ။ ချူရှောင်းတခစ်ခစ်ရယ်ကာပြောလိုက်၏။

"ဖေဖေ..ဖေဖေက TVရသစုံရှိုးမှာ ရှောက်ပင်အောက်ထိုင်နေတဲ့သူလိုမျိုးပဲ! အရမ်းကိုမကြည်မသာနဲ့!"
(CUP: cupလည်းဘာကိုပြောချင်မှန်းမသိပါ)

ချူရှောင်းရွှင်ရွှင်မြူးမြူးရယ်နေတာကိုတွေ့တော့ ချူတုံ့ချီပြုံးမိသည်။ သူ့မိသားစုအတူတူပျော်နေသမျှ ယိချန်၊ ယိမိသားစု၊ ပိုင်လင်းနဲ့ သူ့သမီးတို့က အရေးမပါတဲ့အပြင်လူတွေဖြစ်ကြသည်။ သူတို့အတူတူပျော်ပျော်ရွှင်ရွှင်ရှိနေသရွေ့ တခြားသူတွေကသူတို့နဲ့လာပတ်သတ်စရာ အကြောင်းမရှိ။

ဟုတ်တာပေါ့။ သူတို့ယိမိသားစုနဲ့ရှိတဲ့အကြွေးတွေကိုတော့ ဆပ်ရဦးမည်ပင်။ မူလက ယိမိသားစုနဲ့ချူမိသားစုက စီမံကိန်းတစ်ခုမှာအတူတူပူးပေါင်းဖို့စီစဥ်ထားခဲ့ပြီး သူတို့စီးပွား​ရေးလုပ်ငန်းတွေကို ဆွေးနွေးတာလည်းပြီးလုနီးပြီ။ သို့သော်လည်းချူမိသားစုက ယိမိသားစုနဲ့ ပူးပေါင်းဖို့မလိုပေ။ ...အရမ်းအင်အားကြီးကာလွမ်းမိုးနိုင်သော ရှောင်းမိသားစုကဲ့သို့ အခြားမိသားစုလည်းရှိသေးသည်.

ရှောင်းမိသားစုက စီးပွားရေးလောကတွင်အောင်မြင်သောမိသားစုဖြစ်ခဲ့သည်။ ရှောင်းမိသားစုရဲ့ယခင်အကြီးအကဲက မိသားစုကိုအောက်ခြေမှစတင်ခဲ့သည်။ ကံမကောင်းစွာပင်ရှောင်းမိသားစုယခင်အကြီးအကဲမှာ အသက်ငါးဆယ်ရောက်ပြီးနေမကောင်းမဖြစ်ခင်ထိ အလုပ်အလွန်အကျွံလုပ်ခဲ့၏။ အခုသားဖြစ်သူရှောင်းဟန်က သူ့အဖေကိုဗီလာမှာငြိမ်းငြိမ်းချမ်းချမ်းအားဖြည့်စေရင်း မိသားစုလုပ်ငန်းကို လက်လွှဲယူနေပြီ။

ရှောင်းဟန်ငယ်စဥ်ကတည်းက ရှောင်းမိသာစုရဲ့ဆက်ခံသူတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်ပျိုးထောင်ထားခဲ့ရာ ထိုးထွင်းသိမြင်သည့်ညဏ်၊ စိတ်ချအားကိုးရသောစရိုက်တို့နဲ့ ကြီးပြင်းလာခဲ့သည်။ သူရှောင်းမိသာစုကိုလက်လွှဲယူချိန်မှာ မိသားစုလုပ်ငန်းကိုကသောင်းကနင်းဖြစ်စေတာထက် ရှောင်းမိသားစုကိုအထွတ်ထိပ်ရောက်စေဖို့ စီမံခဲ့လေသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now