RVTIACF Chapter-(9)

3.7K 544 26
                                    

CHAPTER-(10)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"မဟုတ်တာ ဒီမှာပဲနေ။ ငါအထဲသွားပြီးမင်းပြောချင်နေတာတွေ သူမကိုပြောပေးမယ်"

ယိချန်ပိုင်ရွယ်ဝေ့ကို ကားထဲဝင်ဖို့ဖိအားပေးပြီးတံခါးပိတ်ကာ သူ့ကားကိုပင်လော့ခ်ချလိုက်သေးသည်။ ယိချန် လမ်းမတစ်လျောက်ကျိုးတိုးကျဲတဲပြန့်ကြဲနေတဲ့ သေတ္တာတွေကိုမြင်လိုက်ချိန်မှာသူ့မျက်နှာက တစ်ဖန်အနက်ရောင်ပြောင်းသွားပြန်သည်။ သူဗီလာဆီခြေလှမ်းကျဲကျဲလျှောက်ပြီး တံခါးဘဲလ်ကိုတီးလိုက်သည်။

ပိုင်လင်းနဲ့ပိုင်ရွယ်ဝေ့ကတော့ တစ်ယောက်လက်တစ်ယောက်ကိုင်ရင်း တောက်ပတဲ့အပြုံးတစ်ပွင့်နဲ့ အချင်းချင်းကြည့်လိုက်ကြ၏။ ချူမိသားစုက သူတို့ရဲ့ဟန်ဆောင်မှုတွေကိုခွာချချကတည်းက ယိချန်ရှေ့မှာသနားဖို့ကောင်းချင်ယောင်ဆောင်ဖို့ အားထုတ်မှုတစ်ခုလေးတောင် အလွတ်မပေးခဲ့။ သူမကိုတမင်သက်သက် နေရောင်အောက်မှာနေဖို့ပြောတဲ့  ပိုင်ရွယ်ဝေ့ဆီကစာတိုတစ်ခုကို ပိုင်လင်းလက်ခံရခဲ့သည်။

ဒီနည်းနဲ့ဆို ပိုင်လင်းကိုနှိပ်စက်တဲ့အတွက် ယိချန်ကချူရှောင်းကို ပိုတောင်မုန်းသွားလိမ့်ဦးမည်။ သူတို့ရဲ့အစီအစဥ်က သူတို့ကိုယ်သူတို့ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်ဖို့ဖြစ်သည်။ ဒါမှသာယိချန်ဆီက သနားဖို့ကောင်းတဲ့အမှတ်တွေကို ရရှိမည်ပင်။ လူတွေဆိုတာ အားနည်းတဲ့သူတွေဖက်ကိုယိမ်းယိုင်စမြဲ။  အဆုံးမှာတော့ အခုယိချန်ချူရှောင်းကိုဒေါသထွက်နေလို့ သူတို့ရဲ့အစီအစဥ်က ပြီးပြည့်စုံစွာ​ဖန်တီးလိုက်ပုံပေါ်သည်။ သူတို့ချူမိသားစုဗီလာကန်ထုတ်ခံလိုက်ရတဲ့အတွက် ယိချန်ကိုခိုင်မြဲစွာဖမ်းဆုပ်ရန်လိုအပ်သည်။ သူ့ကိုသူတို့ထံမှ လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ပေ။

ဒီအပြင်လူသုံးယောက်ထဲကဘယ်သူ့မှဝင်ခွင့်မပြုဖို့ ဂိတ်ကအစောင့်ကို ချူရှောင်းအမိန့်ပေးပြီးဖြစ်ရာ ရလဒ်အနေနဲ့အစောင့်က ယိချန်အတွက်ဗီလာဝင်ပေါက်ကိုဖွင့်ပေးဖို့ငြင်းဆန်လေသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now