RVTIACF chapter-(25)

3.1K 464 23
                                    

CHAPTER-(25)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

အမျိူးသား၏လက်ဝါးမှာ ခြောက်သွေ့နွေးထွေးပြီး ချူရှောင်းလက်ထက် ပိုကြီးသည်။ နှစ်ယောက်လက်ဆွဲ နှုတ်ဆက်တုန်း ယှဥ်ကြည့်ရင် ချူရှောင်းလက်ကပိုနူးညံကာ ပိုဖြူ၏။

ချူရှောင်း တစ်ယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ ခံစားချက်က ဆန်းသစ်ပြီးထူးခြားသည်။ (အူကြောင်ကြောင်ဖြစ်ခြင်း)

သူ့မျက်စောင်းထိုးကထိုင်ခုံမှာ ရှောင်းဟန်ကိုနေရာယူဖို့ ဖိတ်ခေါ်ကာ တောင်းတောင်းပန်ပန် ပြောလာသည်။

"ဥက္ကထရှောင်း၊ ကျွန်မတကယ် တောင်းပန်ပါတယ်။ ဥက္ကထဖန်လာတဲ့လမ်းက အက်ဆီးဒန့်တစ်ခုကြောင့် ယာဥ်ကြောပိတ်နေပါတယ်။ ဒါကြောင့်မို့ မှန်းထားတဲ့အချိန်ထက် နောက်ကျပါလိမ့်မယ်။ ကျွန်မဖုန်းခေါ်ပြီး အတည်ပြုထားတာကတော့ သူတို့နောက်ထပ် ဆယ့်ငါးမိနစ်အတွင်း ရောက်လာပါလိမ့်မယ်။ ဥက္ကထဖန်ကိုစောင့်ဖို့ ဒုက္ခပေးရတော့မယ်။"

ရှောင်းဟန် ခေါင်းငြိမ့်ပြကာ သူ့လက်ထောက်နှင့်အတူ ထိုင်လိုက်သည်။

"အဆင်ပြေပါတယ်ဗျာ။ missချူက ယဥ်ကျေးလွန်းနေပါပြီ။"

ချူရှောင်း သူ့လက်ဖက်ရည်ခွက်ကိုယူရင်း ပြုံးကာပြောသည်။

"ကျွန်မရဲ့ လက်ဖက်ရည်နှပ်တဲ့ပညာက သိပ်မဆိုးဘူး။ ပရောဂျက်နဲ့ပတ်သတ်တဲ့ မျှော်မှန်းချက်တွေကို အတိုချုံးမပြောခင် အရင်ဆုံး ဥက္ကထရှောင်းအတွက် လက်ဖက်ရည်တစ်ခွက် လုပ်ပေးရင်ရော?"

"ကောင်းပါပြီ။ ကျေးဇူးပါ။"
ချူရှောင်းက ချူတုံ့ချီနဲ့ဖန်ချင်းရဲ့သမီးမှန်း ရှောင်းဟန်သိထားသည်။ ဒီတော့ သူမကိုသာမန်လက်ထောက်တွေလို လုံးဝဆက်ဆံလို့ မရပေ။

ချူရှောင်းက လက်ဖက်ရည်ခွက်ကို အပူပေးနေချိန်မှာ သူကလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလက်ဖက်ခြောက်တွေကို သဲ့ယူပြီး လက်ဖက်ရည်ခွက်ထဲသို့ လောင်းထည့်လိုက်ရင်း နှစ်ယောက်သား တည်တည်ငြိမ်​ငြိမ် လက်ဖက်ရည် နှပ်နေကြသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now