RVTIACF Chapter-(47)

1.3K 200 19
                                    

CHAPTER-(47)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။

"ယိကတော် အထင်လွဲစေမယ့် စကားမျိုးတွေ မပြောပါနဲ့။ ကျောင်းဝန်းထဲမှာပဲဖြစ်ဖြစ် သီးသန့်ပဲဖြစ်ဖြစ် ကျွန်မမှာယိချန်နဲ့ ဘယ်လိုပတ်သတ်မှုမျိုးမှ မရှိပါဘူး။"

အသက်ပိုကြီးတဲ့အမျိုးသမီးကို အရှက်ခွဲရမှာ အနှောင့်အယှက်တောင် မဖြစ်ပါဘဲ ချူရှောင်းပြောရင်း အိတ်ကိုဆွဲကာ မတ်တပ်ထရပ်လိုက်သည်။

"ကထိက ဒါကျွန်မရဲ့ပြသနာကို ဖြေရှင်းလိုက်ပုံပါပဲ။ အခု ကျွန်မသွားလို့ရပြီလား?"

"သွားလို့ရပါပြီ ချူရှောင်း။ နောက်ဆုံးစာမေးပွဲကြီး စလာတော့မယ်။ ဒီပြသနာတွေကြောင့် စိတ်မလွင့်ဖို့ မျှော်လင့်ပါတယ်။ ကျောင်းဝန်းကလည်း မင်းရဲ့တောင်းဆိုချက်ကို အလေးအနက်စဥ်းစားပါ့မယ်။"

"ကျေးဇူးတင်ပါတယ် ကထိကရှင့်။"

သူမထွက်မသွားရင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးကို ယဥ်ကျေးစွာ ကျေးဇူးတင်စကားဆိုလိုက်၏။

ချူရှောင်းဆီက လုံးဝလျစ်လျူရှုခံရတဲ့ဆွန်းကျယ်က ဒီသားအမိအပေါ်မှာထေ့ငေါ့ပုတ်ခတ်ရင်းသာ သူမဒေါသတွေ ပုံချပစ်လိုက်သည်။ ပိုင်လင်းကအမြဲသိမ်ငယ်စိတ်ကို ခံစားနေရသူမို့ ယိချန်ရဲ့ဂုဏ်သတင်းကိုဖျက်ဆီးမိရင်တောင် သူမသမီးကိုထားမသွားဖို့တစ်ခုကိုသာ ပြောနိုင်တော့သည်။

တစ်ဖက်ကတော့ စာရိတ္တဆိုတဲ့မြင့်မားတဲ့ရပ်တည်ချက်ကို စွဲကိုင်ပြီး နောက်တစ်ဖက်ကတော့ စိတ်ပိုင်းဆိုင်ရာအကျပ်ကိုင်မှုနဲ့သာ ခုခံကစားနေတော့သည်။ ဆွန်းကျယ်က နှုတ်ဆက်စကားလေးဖလှယ်ပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ တွေးထားပေမယ့် ပိုင်လင်းကအဲ့လို အဖြစ်မခံပါချေ။ ယိချန်က ပိုင်ရွယ်ဝေ့အတွက် တာဝန်ယူရမယ်ဆိုတာနဲ့ သူမနဲ့အတူ ဆက်တွဲရမယ်ဆိုတာ အလေးအနက်တိုက်တွန်းလေသည်။ သူမစကားပြောလေလေ တစ်ဖက်က ဆွန်းကျယ်ကတော့ စိတ်တိုလာလေပင်။

သူတို့ကို ကျောင်းခဏနားဖို့ ပြစ်ဒဏ်ချပြီး အဆုံးမှာတော့ စည်းကမ်းထိန်းသိမ်းရေးက ယိချန်နဲ့ပိုင်ရွယ်ဝေ့ကို အိမ်ပြန်ခွင့်ပြုလိုက်လေသည်။ သူတို့တွေက နှစ်ဝက်စာမေးပွဲဖြေဖို့သာ ကျောင်းကိုလာရပေမည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now