RVTIACF chapter-(27)

3.2K 468 12
                                    

CHAPTER-(27)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

အစည်းအဝေးက ချောချောမွေ့မွေ့အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ နှစ်ဖက်ကုမ္ပဏီတွေကလည်း ပူးပေါင်းမှုပေါ်ထားတဲ့ သူတို့ရဲ့ရိုးသားမှုနဲ့ ကုမ္ပဏီရဲ့အင်အားတွေကို ထုတ်ဖော်ပြနေပြီဖြစ်၏။ကုမ္ပဏီနှစ်ခုလုံးက ပူးပေါင်းမှုမှာ ယုံကြည်ချက်ရှိနေပြီဖြစ်ကာ တစ်ပတ်အတွင်း စီးပွားရေးအစီအစဥ်တွေကို ဖလှယ်ဖို့ဆုံးဖြတ်ထားကြသည်။

အဲ့နောက်မှာတော့ ပြောင်းလဲဖို့လိုအပ်နေဆဲ အစီအစဥ်ကိုအသေးစိတ်ကျကျ ဆွေးနွေးမှာဖြစ်ပြီး ပရောဂျက်မူကြမ်းကနေ ပူးပေါင်းမှုနောက်ဆုံးသက်တမ်းအထိ အလုပ်လုပ်သွားမှာဖြစ်တဲ့ အဖွဲ့ဝင်အကုန်လုံးနဲ့ ပူးတွဲအစည်းအဝေးရှိသည်။

တုံ့ဖန်အုပ်စုနဲ့ ရှောင်းအုပ်စုကလူတွေက အလွန်အလုပ်များနေပြီဖြစ်ရာ သူတို့က ရိုးရှင်းတဲ့အစားအစာတွေကို အတူတကွသုံးဆောင်ပြီး သက်ဆိုင်ရာကုမ္ပဏီအသီးသီးထံ ပြန်သွားကြတော့သည်။

ကုမ္ပဏီအပြန်လမ်းမှာ ဖန်ချင်းကချူရှောင်းကားကို မောင်းလာသည်။ သူမပျော်ရွှင်စွာပြုံးပြီး ပြော၏။

"ရှောင်းရှောင်း၊ သမီးကောင်းကောင်း လုပ်ခဲ့တာပဲ။ ကုမ္ပဏီမှာအလုပ်စလုပ်နေတယ် ဆိုတာကိုတာ အမေမသိရင်သမီးက ကုမ္ပဏီမှာနှစ်ချီပြီးအလုပ်လုပ်လာတဲ့သူလို့ ထင်မိမှာ!"

အပြုံးတစ်ပွင့်က ချူရှောင်းမျက်နှာမှာ ပွင့်လန်းလာသည်။

"တကယ်လား? သမီးလုပ်သွားတာ ဘယ်လိုနေလဲဆိုပြီး ခုလေးတင်မေးတော့မလို့။ သမီးစီးပွားရေး အစည်းအဝေးတတ်ဖူးတာ ပထမဆုံးအကြိမ်မို့လို့ လိုင်းပေါ်ကစီးပွားရေးကျူတိုရီယယ်နည်းနည်း ကြိုကြည့်လာသေးတယ်။ မှန်မှန်ကန်ကန် လုပ်နိုင့်ပါ့မလားဆိုတာ မသေချာခဲ့ဘူး။" (ကျူတိုရီယယ်= နည်းပြ)

ဖန်ချင်း ပိတီဖြာလျက်တုံ့ဆိုင်းမနေဘဲ ချီးကျူးလိုက်သည်။

"သမီးကောင်းကောင်း လုပ်ခဲ့တာ။ တကယ်က အရမ်းကိုကောင်းကောင်း လုပ်ခဲ့တာ။ အမေသမီးအတွက် ဂုဏ်ယူတယ်။ တို့မိသားစုကရှောင်းရှောင်းက တော်ပြီးအရာရာတိုင်းကို အကောင်းဆုံး လုပ်နိုင်တယ်။ စောနကသမီးနှပ်ပေးတဲ့ လက်ဖက်ရည်ကလည်း အရသာရှိတယ်။ သမီးလက်ဖက်ရည်နှပ်တဲ့ သင်ခန်းစာဆယ်မျိုးလောက် တတ်ခဲ့တယ်မဟုတ်လား?
အမေ့သမီးလေးက တခြားသူတွေထက် ပိုတော်တယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now