RVTIACF Chapter-(3)

4K 540 11
                                    

CHAPTER-(3)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။

ချူရှောင်း၏မိဘများက လွန်ခဲ့သည့်သုံးရက်လုံးလုံးတစ်နေ့နှစ်ကြိမ်နှုန်းဖြင့် လာရောက်နေခဲ့ရာ သူမသူတို့နှင့်ရင်းနှီးနေပြီဖြစ်သည်။ သူမမိဘများဆီကအချစ်ခံရသည်မှာ ထူးဆန်းနေသော်လည်း နွေးထွေးသောခံစားချက်ဖြစ်၏။ သူတို့ရဲ့အလေးထားမှုကိုပြသခြင်းက သူမကိုပျော်ရွှင်စေပြီး သူတို့နှင့်အလွန်နီးကပ်လာသလို ခံစားရသည်။

မိသားစုသုံးယောက် ကျယ်ဝန်းတဲ့ကားနောက်ခန်းတွင်ထိုင်ခဲ့ကြသည်။ ချူရှောင်းကတော့ ပြတင်းပေါက်ကိုမှီရင်း အပြင်ဘက်မှပျားပန်းခတ်လှုပ်ရှားနေတဲ့မြို့အား ကြည့်ရင်းပြုံးမိလိုက်သည်။

ချူတုံချီလည်း သူ့သမီးမျက်နှာပေါ်ကအပြုံးကိုကြည့်ရင်းပျော်ပျော်ရွှင်ရွှင်ပြုံးပြီးပြောလိုက်သည်။

"ရှောင်းရှောင်းက ပျော်ရွှင်ရဖို့ထိုက်တန်ပါတယ်။ သမီးမှာအခက်အခဲပြသနာတွေရှိရင် အဖေနဲ့အမေ့ဆီကိုလာ၊အဖေတို့တွေ သမီးအတွက်ဖြေရှင်းပေးမယ်။ ဒီတော့ နောက်အနာဂတ်မှာ ဒီလိုကိုယ့်ဘာသာ ထိခိုက်မိအောင်မလုပ်ရဘူးနော်။ ဟုတ်ပြီလား?၊ သမီးရဲ့ကျန်းမာရေးနဲ့ ကောင်းကောင်းမွန်မွန်ရှိဖို့က ကမ္ဘာပေါ်မှာအရေးအကြီးဆုံးအရာပဲ။ နားလည်လား?"

ဖန်ချင်းက ချူရှောင်းရဲ့လက်ကိုဖြေးဖြေးလေးဆွဲဆုပ်ထားလိုက်ပြီး စိတ်သောကရောက်နေသော အသံဖြင့်ပြောလာသည်။

"သမီးဖေဖေမှန်တယ်၊ အရင်ရက်တွေမှာသမီးဘယ်လောက်တောင် ဝိတ်ကျသွားလဲကြည့်ပါဦး! ဘာလို့အများကြီးသောက်ပြီး ကိုယ့်ကိုကိုယ်နှိပ်စက်ရတာလဲ? ဒါက ကျန်းမာရေးနဲ့မညီညွတ်ဘူးနော်၊ ကိုယ့်ကိုကိုယ်နှိပ်စက်တာက ပြသနာတွေကိုမဖြေရှင်းနိုင်ဘူးကွဲ့။

သမီးနဲ့ယိချန်က အတူတူကြီးလာကြပြီးအချင်းချင်းဆက်ဆံရေးလည်းကောင်းကြတယ်။
ဒါကြောင့်အခုတစ်လော သမီးတို့နှစ်ယောက်ဘာလို့ဆက်တိုက်စကားများနေကြတာလဲ?
သူသမီးကိုအနိုင်ကျင့်ရင် မေမေနဲ့ သမီးဖေဖေကိုပြော၊ ဘယ်သူကမှသမီးကို အနိုင်မကျင့်စေရဘူး။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now