RVTIACF chapter-(33)

2.7K 361 10
                                    

CHAPTER-(33)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူ့ကိုတိုးကပ်နေတဲ့ အမျိူးသမီးကို ယိချန်တွန်းထုတ်ကာ ချမ်းသာတဲ့ဒုတိယမျိူးဆက်  သူဌေးသားလေးကို လမ်းပေးပြီးတောင်းဆိုလိုက်သည်။

"ဟေ့...မင်းမှာ ချူ​ရှောင်းဖုန်းနံပါတ် ရှိလား? မြန်မြန် ရှာပေးကွာ။"

လူငယ်လေးက ဖုန်းကိုထုတ်ကာ ပြောသည်။

"ဒါသူ့ဖုန်း မဟုတ်လား?"

ရင်းနှီးနေတဲ့နံပါတ်ကို ယိချန်စိုက်ကြည့်ပြီး ပြန်ပြောသည်။

"မဟုတ်ဘူး။ အဲ့ဖုန်းနံပါတ်က မရှိတော့ဘူး။"

"ဟင်? ဖုန်းနံပါတ် ပြောင်းလိုက်တာများလား?"

အခန်းထဲက လူတွေရဲ့အာရုံကိုဆွဲဆောင်ဖို့ လူငယ်လေးက လက်ခုပ်တီးပြီး မေးလိုက်သည်။

"တစ်ယောက်ယောက်ဆီမှာများ ချူရှောင်းဖုန်းနံပါတ်အသစ် ရှိကြလား?"

အရင်ကချူရှောင်းနဲ့ ဖုန်းနံပါတ်လဲထားတဲ့သူ အနည်းငယ်က သူတို့ဖုန်းဆီလက်လှမ်းလိုက်ကြပေမယ့် သူမကဖုန်းအဟောင်းပဲ ပေးထားတယ်ဆိုတာ နားလည်သွားကြသည်။ သူတို့အားလုံး သံသယတွေကို အတည်ပြုဖို့ချက်ချင်းပဲ သူမဆီကိုwechatကနေ စာတစ်စောင်ပို့ပြီး တစ်ယောက်နဲ့တစ်ယောက် ဗလာသက်သက် စိုက်ကြည့်လိုက်ကြသည်။

"ဘာဖြစ်လို့လဲ? ချူရှောင်းက သူတို့နဲ့ထပ်ဆက်သွယ်ဖို့ အစီအစဥ်မရှိဘူးလား?"

"မင်းတို့တွေ ဘာကြားမိသေးလဲ? ငါ့ဦးလေးဆီကကြားတာတော့ ချူရှောင်းကလုပ်နိုင်ကိုင်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာတယ်တဲ့။ သူကလေ တုံ့ဖန်ပရောဂျက်အစည်းအဝေးတွေမှာ ဘယ်လိုဝင်ပါရမလဲ သိရုံတင်မဟုတ်ဘူး၊ ထူးထူးချွန်ချွန်လည်း ပြောနိုင်သေးတယ်။ သူမက ချူမိသားစုအတွက် ပြီးပြည့်စုံတဲ့အမွေဆက်ခံသူ ဖြစ်လာပြီ။"

"ဒါ...ငါသိတယ်။ ဟိုနေ့ကအမေ့ကို ​ရှော့ပင်းပို့တော့ ရှောင်းမိသားစုက ရှောင်းဟန်နဲ့ချူရှောင်းတို့ အတူတူရှိနေတာ မြင်ခဲ့တယ်။ ကြည့်ရတာတော့ သူမအမေနဲ့အတူတူ စီးပွားရေးကိစ္စတွေ ဆွေးနွေးနေကြပုံပဲ။ ကျွတ်...ကျွတ်...ကျွတ်..ငါတို့နဲ့ယှည်ရင် သူမကအတော်လေး ရင့်ကျက်လာပုံပဲ။ ဒါမဲ့ ဒါကလုပ်ရမယ့် ပုံမှန်ကိစ္စပဲ မဟုတ်လား? ကမ္ဘာပေါ်က ဘယ်သူတွေများ အလုပ်ကိုပြင်းပြင်းထန်ထန် လုပ်တာနဲ့ ငါတို့အသိုင်းအဝိုင်းကိုဝင်ဖို့ နှစ်ခုလုံး ဘယ်သူကဆန္ဒရှိမှာလဲ?"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now