RVTIACF-(59)

433 63 3
                                    

CHAPTER-(58)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ဘာတွေဖြစ်သွားလဲကြားပြီးချိန်မှာတော့ကျောင်းသားတစ်ယောက်တီတိုး ပြောလာသည်။ 

“အတိတ်ကအဲ့လိုအရာမျိုးကို ချမ်းသာခွင့်ပေးသင့်တယ်မလား? အဲ့အချိန်တုန်းက ဘယ်သူမှအတွင်းသတင်းတွေ မသိကြဘူးလေ….”

တုန့်ပြန်တဲ့အနေနဲ့ ဘေးမှာရပ်နေတဲ့တခြားကျောင်းသူကလည်း ပြောပြန်သည်။

“ဘာမှမသိရင်လည်း ကောလဟာလအမှားတွေ၊ မဟုတ်မဟတ်တွေပြောနေတာ ရပ်လိုကပေါ့နော့်။ ပညာရှိတစ်ယောက်ပြောခဲ့သလို ကိုယ်လုပ်တဲ့ကံကိုယ့်ထံပြန်တာပဲ။ သူမအရင်ကလုပ်ခဲ့သမျှ အခုတော့သူမကိုကိုက်ဖို့ ပြန်လာကြပြီ။"

"ကျွန်မလည်းချူရှောင်းဝေဖန်တာကို သဘောတူပါတယ်။ ဘယ်လိုကောလဟာလမျိုး အတင်းစကားမျိုးမဆို ကုမ္ပဏီရဲ့ပတ်ဝန်းကျင်နဲ့ ဝန်ထမ်းတွေရဲ့လုပ်နိုင်စွမ်းကို အဆိုးဘက်ကသက်ရောက်စေတာပဲ မဟုတ်လား?”

“အမှန်ပဲ။ ချူရှောင်း အရမ်းတင်းကျပ်တာ။ သူကငါတို့အင်္ဂလိပ်စကားပြော စွမ်းရည်တွေကို ဒီလောက်စစ်ဆေးနေမှတော့ ငါသူ့အင်တာဗျူးကို မအောင်တော့ဘူးထင်တယ်။”

“အဲ့လိုဟာမျိုးတွေက တင်းကျပ်တာကောင်းပါတယ်။ အင်တာဗျူးရဲ့တောင်းဆိုချက်တွေမြက့်နေမှတော့ ကုမ္ပဏီမှာအလုပ်သင်ရတဲ့သူတွေကလည်း အများကြီးသင်ယူရမှာ သေချာတယ်။

အဲ့အချိန်မှာပဲ နောက်ထပ်ကျောင်းသားတစ်ယောက်ဟာလည်း ချူရှောင်းနဲ့အင်တာဗျူးကို ကျသွားပြန်သည်။ သူဘာလို့မအောင်ရသလဲဆိုတာ အင်တင်တင်နဲ့ မေးလာသောအခါ

“ရှင်ကျွန်မကို တစ်ကြိမ်စော်စော်ကားကား ပြောဖူးတယ်လေ။ ကိုယ်ရေးကိုယ်တာကြောင့်ပါ။”

အဲ့ကျောင်းသားသူမကိုတကယ်ပင် စော်ကားဖူးပါသည်။ ယိချန်က အကြောင်းရင်းတစ်ခုကြောင့်နဲ့ သူမကိုပထုတ်လိုက်ပြီဟုပြော၍ စော်ကားခဲ့ဖူးသည်။ သူမကိုထိုသို့ပြောခဲ့သူ ကျောင်းသားရဲ့မျက်နှာကို ထာဝရမေ့မရခဲ့သည်ကြောင့် အဲ့ဒီမျိူးမစစ်ကလည်း နောက်ဆုံးမှာသူနဲ့တန်ရာတန်ရာကို ရသွားခြင်းသာ။

You've reached the end of published parts.

⏰ Last updated: Mar 29 ⏰

Add this story to your Library to get notified about new parts!

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now