RVTIACF Chapter-(4)

3.8K 591 39
                                    

CHAPTER-(4)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။

ချူရှောင်းနှင့် သူမမိဘများအိမ်ပြန်ရောက်သည့်အခါ ပိုင်လင်းကအခြားအိမ်အကူအနည်းငယ်နှင့် တံခါးမှာစောင့်နေခဲ့ပြီး သူမမျက်နှာထက်ကတောက်ပနေသောအပြုံးတစ်ပွင့်နှင့် သူတို့ကိုကြိုဆိုလေသည်။ သို့သော်လည်း ခါတိုင်းလိုအမြန်လာပြီးနှုတ်ဆက်ရမည့်အစား သူမကစကားပြောနေစဥ်တွင် အကွာအဝေးတစ်ခုမှနေနေခဲ့သည်။

"ရှောင်းရှောင်း သမီးကောင်းလာပြီလား? ဒီနေ့ညသမီးအကြိုက်ဆုံးဟင်းပွဲတွေချက်ဖို့ အန်တီလီကိုပြောထားပြီးပြီ။ ခနနေရင် ပိုပြီးစားသင့်တယ်"

ချူရှောင်းက အပြုံးမမည်တဲ့အပြုံးတစ်ပွင့်နှင့်သူမကို စိုက်ကြည့်လိုက်၏။ ပိုင်လင်းရဲ့အနည်းငယ်သာမန်မဟုတ်သော အပြုံးအောက်တွင် သတိရှိလွန်းမှုနှင့်အပြစ်ရှိမှုကို သူမမြင်နိုင်သည်။

သူမခန့်မှန်းထားတဲ့အတိုင်း ပိုင်လင်းကသူ့သမီးဘာလုပ်နေတယ်ဆိုတာသိတယ်။
မဟုတ်ရင်ဘာလို့များ သူမအပေါ်အပြစ်ရှိသလိုခံစားရမှာလဲ? ချမ်းသာတဲ့မိသားစုကအိမ်အကူတစ်ယောက်က ချမ်းသာတဲ့မိသားစုကအနာဂတ်အမွေခံရဲ့ယောက္ခမဆိုတဲ့ဖြစ်တည်မှုနဲ့ ဘယ်လိုယှည်နိုင်မှာလဲ? ပိုင်ရွယ်ဝေ့ကကျောင်းမှာထိန်းမနိုင်သိမ်းမရဖြစ်နေတာ အံ့သြစရာမရှိပါဘူးလေ။

အဲ့လိုဆိုရင်တောင် မူလချူရှောင်းကနည်းနည်း ခေါင်းမာလွန်းတယ်။ ဒီလိုမျိုးတစ်စုံတစ်ခုပေါ်မှာ ဘာလို့သူမကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်ရတာလဲ? ကိစ္စရဲ့အမှန်တရားကိုသူမမိဘတွေဆီပြောလိုက်သင့်တာ။ ဘယ်လိုငိုရမလဲသိရတဲ့ကလေးကပဲ စားဖို့ချိုချဥ်ရလိမ့်မယ်ဆိုတဲ့ ဆိုရိုးကနေရာတိုင်းမှန်တာပဲ။

ချူရှောင်းက ပိုင်လင်းရှေ့တည့်တည့်လျောက်လာကာ သူမကိုခြေဆုံးခေါင်းဆုံးကြည့်ခဲ့သည်။ သူမကအိမ်အကူဝတ်စုံကိုကြည့်ရင်း အ​ပြုံးတစ်ပွင့်ဖြင့်သက်ပြင်းချတော့သည်။

"အန်တီပိုင်၊ ရှင်ကအရည်အချင်းစစ်တွေကို ကောင်းကောင်းဝှက်ထားခဲ့တာပဲ"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now