CHAPTER-(53)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်အိမ်မက်ကနိုးလာပြီးတာတောင် ရှောင်းဟန်အနေနဲ့ သူ့နားထဲချူရှောင်းရဲ့ သာယာတဲ့အသံလေးကို ကြားနေရသယောင်ဖြစ်လို့နေသည်။ ဒါတွေက လတ်တလောသူမနဲ့ပြောထားတဲ့ ဗီဒီယိုကောလ်တွေကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဗီဒီယိုကောလ်ဆိုမှ ဒါတွေကြောင့် သူ့အိမ်မက်ထဲကချူရှောင်းကို အမှတ်ရသွားပြန်သည်။ သူ့ရှေ့ကဖန်သားပြင်က ချူရှောင်းနဲ့သူ့ကြား အနှောင့်အယှက်ပင်။ ချူရှောင်းကိုမြင်နေရပေမယ့် သူမရှိရာကိုတော့ ဘယ်သောအခါမှတိုက်ရိုက် လက်လှမ်းမမီနိုင်ပေ။
အဲ့ဒီနောက်ဆုံးညကို ပြန်တွေးကြည့်ရင် သူတို့နှစ်ယောက်တကယ်နီးကပ်တဲ့ အကွာအဝေးလေးရှိချိန်ကြမှ ဖုန်းကောလ်လေးတစ်ကောကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ နီးစပ်နေပေမယ့် ဝေးကွာနေဆဲ။ တောင့်တမှုက သူ့နှလုံးသားထဲ မီးပွားလေးအစပျိုးလိုကတော့သည်။ မျိိုးစေ့တစ်ခုကို အပင်စိုက်လိုက်သည်နှင့် သူ့ရဲ့စိတ်ဆန္ဒလိုပင် အဲ့အစေ့လေးရဲ့ကြီးထွားမှုက သစ်ပင်ကြီးတစ်ပင်ဖြစ်လာသည်အထိ ထိန်းချူပ်မနိုင်အောင်ထိုးတတ်လာတော့မည်။
'အာ! တကယ်ပဲ ချူရှောင်းနဲ့အတူတူ ရှိနေချင်တယ်။'
*****
ချူရှောင်းတစ်ယောက် ရှောင်းဟန်နဲ့အစည်းအဝေးရှိကြောင်း ကြားလိုက်ရတဲ့အခါ အံ့အားသင့်ပြီး သူတို့ရဲ့ပရောဂျက်မှာ တစ်ခုခုမှားနေတာများလားဆိုတာ အမြန်မေးလိုက်သည်။သို့ပေမယ့် ရှောင်းဟန်အတွင်းရေးမှူးပြောလာတာက သူတို့နှစ်ယောကိအသေးစိတ်လေးတွေကို ဆွေးနွေးဖို့လိုပြီး စျေးပြိုင်လွှာတွေအတွက် နောက်ဆုံးအစီအစဥ်ကို တွက်ထုတ်ရမယ်ဟူ၍သာ။
ချူရှောင်းက ရှောင်းဟန်ကိုမေးဖို့ဆက်သွယ်ချင်ပေမယ့်လည်း ရုတ်တရက်သူမတက္ကသိုလ်က ကျောင်းသားတိုင်းမဖြစ်မနေ ပါဝင်ရမယ့်နွေရာသီအလုပ်သင်ကို ဖွဲ့လိုက်၏။ ဒါကြောင့်သူမလည်း ဒီကိစ္စကို ဘေးချိတ်ထားလိုက်တော့သည်။ နောက်ဆုံးတော့လည်း နောက်အစည်းအဝေးပြီးရင် အားလုံးရှင်းသွားမည်သာ။ ဒါကြောင့်မို့ လတ်တစ်လောတော့ သူ့ကိုဘယ်လိုမေးခွန်းမျိုးမှမေးဖို့ မလိုအပ်သေးပေ။

YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...