RVTIACF-(58)

465 65 5
                                    

CHAPTER-(58)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

အလုပ်အကိုင်ပြပွဲရဲ့အစီအစဥ်မှူးတွေက ဒီတိုက်ပွဲထဲ နောက်ကုမ္ပဏီတစ်ခုကိုပါ ဖိတ်ကြားထားသေးသည်။ တစ်ချို့ကျောင်းသားတွေကြားထားတဲ့ ကောလဟာအရတော့ အဲ့ဒါ တုံ့ဖန်အုပ်စု ဖြစ်သည်ဟု။

ဒီနေရာကကျောင်းသားတွေအကုန်လုံးရဲ့အကြည့်တွေက ချူရှောင်းဆီတစ်ပြိုင်နက် ရွေ့သွားကြသည်။ တုံ့ဖန်အုပ်စုဆိုတာ ချူရှောင်းတို့မိသားစုပိုင် မဟုတ်လား?

ပရောဖက်ရှင်နယ်ကျကျဝတ်စုံနဲ့ ချူရှောင်းဟာ သူမရဲ့လှိုင်းတွန့်ဆံပင်တွေကို ပိုနီတေးအနိမ့်စီးလျက် ဒေါက်မြင့်တစ်စုံကတော့ ကြမ်းပြင်ပေါ်တစ်လှမ်းချင်းလှမ်းလို့လာသည်။ တုံ့ဖန်အုပ်စုက ဝန်ထမ်းတွေကို ဦးဆောင်လာတဲ့ သူမပုံရိပ်မှာကျက်သရေရှိသလို လွှမ်းမိုးနိုင်တဲ့တည်မှုတွေ စွဲကျန်နေသည်။ သူမက ဒီပြပွဲကသူအများစုလိုကျောင်းသားတစ်ဦးပေမယ့် တခြားသူတွေထက်သာလွန်ပြီး ဘဝမှာခြေတစ်လှမ်းသာနေတဲ့ ခံစားချက်မျိုးပေးစွမ်းသည်။

ချူရှောင်းတစ်ယောက်ရှေ့ကိုလျောက်ကာသူမရဲ့ယာယီရုံမှာထိုင်လိုက်တာကိုသာ ကြည့်နေနိုင်ကြသည်။ အဲ့အချိန်တုံ့ဖန်အုပ်စုကဝန်ထမ်းတွေကတော့ အလယ်မှာတံဆိပ်အသားပေး ပိုစတာကြီးကိုကပ်ဖို့သာလုပ်နေကြသည်။

သူတို့ရဲ့ပိုစတာတွေပေါ်မှာတော့ သူတို့ကုမ္ပဏီက ဒီတက္ကသိုလ်ကကျောင်းသားတစ်ရာတိတိကို လစာမြင့်မြင့်နဲ့ခေါ်ယူဖို့ စီစဥ်ထားကြောင့် အတိအလင်းဖော်ပြထား၏။

ဒီတော့ တုံ့ဖန်အုပ်စုဆိုတာ ဘယ်လိုကုမ္ပဏီမျိုးလဲ? ဒီနယ်ပယ်ကအရာတွေကို ပိုကောင်းတဲ့ရှုထောင့်နဲ့ပြောရရင် ဒီအုပ်စုဆိုတာ အရင်ဆွေးနွေးခဲ့တဲ့လီရှန်းအုပ်စုထက် အဆပေါင်းများစွာလွှမ်းမိုးနိုင်တဲ့အုပ်စုပင်။ ဒါမယ့်အရင်က အလုပ်သင်တစ်ခါမှမခေါ်ဖူးတာကြောင့် လူအများစုက တုံ့ဖန်မှာအလုပ်သင်ဝင်ဖို့ မတွေးကြချေ!

သို့ပေမယ့် တစ်သက်စာအခွင့်အရေးတွေကို တွေ့အပြီး တုံ့ဖန်အုပ်စုရဲ့လက်ခံစင်ရှေ့ကို ကျောင်းသားအများစု စုလာတော့သည်။ ထိုတစ်ခဏ၌ ချူရှောင်းရဲ့အတန်းဖော်တစ်ချို့ ရှေ့သို့ပြေးထွက်လာကြသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now