CHAPTER-(17)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်"အိုကေ သမီးသင်ချင်တာမှန်သမျှ မေမေသင်ပေးမယ်။ သမီးကုမ္ပဏီတစ်ခုကို အုပ်ချုပ်နိုင်ဖို့ လေ့ကျင့်မှုတွေလိုတယ်။ ရှောင်းမိသားစုကိုတွေ့ဆုံတဲ့အခါ ဘာလို့မကူညီခိုင်းရမှာလဲ? သူတို့နဲ့ဆက်သွယ်တာရော၊ အထူးလက်ထောက်လင်းနဲ့ ချိန်းတဲ့အခါရောသမီးမှာ တာဝန်ရှိလာလိမ့်မယ်။
အလုပ်အစည်းအဝေးရှိလာရင် လိုက်ခဲ့ပြီးမှတ်တမ်းယူ၊ ပြီးရင်လည်း ပရောဂျက်နဲ့ဆက်နွယ်တဲ့အစီအစဥ်တွေ အကြမ်းဆွဲပြီးလုပ်စရာတွေကို သီးသန့်လုပ်ပေါ့။ မေမေက ပရောဂျက်ကိုသေချာကြည့်ပေးပြီး တုံ့ပြန်ချက်ပေးမယ်လေ။"
ဒါတွေအားလုံးက အလုပ်ပရောဂျက်ရဲ့အခြေခံအကျဆုံးအဆင့်တွေ ဖြစ်သည်။ မခက်ခဲပေမယ့် ဒါတွေကိုလုပ်ရင်းသူမ ပရောဂျက်နဲ့ဆက်နွယ်တဲ့အရာတိုင်းကို ရှင်းရှင်းလင်းလင်းနားလည်နိုင်လာမည် ဖြစ်သည်။
သူမ အစကနေအဆုံးအထိ ဖန်ချင်းနောက်ကလိုက်ပြီး ပရောဂျက်ရဲ့အဆင့်တိုင်းကို မှတ်တမ်းယူရင်း ပရောဂျက်ပြီးသွားတာနဲ့ပျော်ရွှင်မှုနဲ့ အလုပ်ကြိုးစားမှူကို တစ်ပြိုင်တည်းခံစားတော့မည်။ဒါချူရှောင်းကြီးပြင်းလာဖို့ တကယ်အသင့်တော်ဆုံး နည်းလမ်းတွေပင်။
ချူရှောင်းသူမခေါင်းကို ပျော်ပျော်ကြီးငြိမ့်ကာ
"အိုကေ! သမီးအတွင်းရေးမှူးလုကို အစည်းအဝေးတွေ ဘယ်လိုမှတ်တမ်းယူရမယ်ဆိုတာနဲ့ ရှောင်းမိသားစုနဲ့ ဆက်သွယ်တဲ့အခါဘယ်လို ကာကွယ်မှူတွေလုပ်ထားရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေမေးလိုက်မယ်။
ချူရှောင်းသူမရဲ့နို့လက်ဖက်ရည်ခွက် တစ်ဝက်ကိုခပ်မြန်မြန်သောက်ပြီး လက်တော့ပ်နှိပ်ရင်း အတွင်းရေးမှူးရုံးခန်းဆီသို့ အပြေးလေးလစ်တော့သည်။ ဖန်ချင်းလည်းခေါင်းယမ်းကာ ရယ်၏။
"ပြောတဲ့အတိုင်း လုပ်တာပဲ။"
ချူတုံ့ချီတစ်ယောက် ဆိုဖာကိုမှီကာ လက်ဖက်ရည်တစ်ငုံစာသောက်ရင်း မျက်လုံးများကျဥ်းမိတော့၏။

YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...