RVTIACF Chapter-(10)

3.7K 547 32
                                    

CHAPTER-(10)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းဂိမ်းဆော့တဲ့အခန်းကထွက်လာတဲ့အခါ ည8နာရီတောင်ရှိနေပြီဖြစ်သည်။ သူမဂိမ်းကိုခဏအနားပေးတဲ့အခါ ဒီနေ့အစောပိုင်းက ယိချန်နဲ့အစေခံတွေကြားမှာဖြစ်သွားတဲ့ပြဇတ်ငယ်လေးအကြောင်း အန်တီလီကသူမကိုအသိပေးရင်း ညစာပြင်ပေးနေလေသည်။

ချူတုံ့ချီနဲ့ဖန်ချင်းကတော့ သူမကိုကတိပေးထားသည့်tiramisuအချိုပွဲကိုပေးဖို့ အိမ်ကိုစောစောပြန်လာကြပြီး သူမတစ်ယောက်တည်းအိမ်မှာပျော်နေတာကိုတွေ့တော့ မနှောင့်ယှက်လိုတာကြောင့် သူမအခန်းကထွက်လာခဲ့သည်။

ချူရှောင်းဂိမ်းbossကိုရှင်းလင်းဖို့ကျရှုံးသွားတာကနေ ခဏအနားပေးရင်းtiramisu
အချိုပွဲကို အလုတ်အနည်းငယ်ကိုက်လိုက်သည်။ ထို့နောက်tiramisuအချိုပွဲကအရမ်းအရသာရှိတာကို သူမသိရှိသွားလေသည်။ ချူတုံချီနဲ့ဖန်ချင်းတို့သူမနဲ့အတူတူရှိပေးဖို့ အိမ်ကိုစောစောပြန်လာတာကိုသတိရသွားတဲ့အခါမှာတော့ ဂိမ်းခလုတ်ကိုပိတ်ပြီးသူတို့ကိုရှာဖို့ အောက်ထပ်လှေကားဆီအပြေးလေးဆင်းသွားတော့သည်။"

"ဖေဖေနဲ့မေမေ ညစာဘာစားကြမလဲ? သမီးကို ဝက်သားချိုချဥ်တစ်ပန်းကန်လောက် လုပ်ပေးနိုင်မလားဟင်"

ဆိုဖာပေါ်ကသတင်းစာဖတ်နေတဲ့စုံတွဲက ချူရှောင်းရဲ့တတ်ကြွတဲ့အသံကိုကြားတော့မော့ကြည့်လိုက်ကြပြီး ဖန်ချင်းကပြုံးရင်းပြန်ပြောသည်။

"ဟုတ်ပါပြီ။ အန်တီလီရဲ့ဟင်းချက်စွမ်းရည်ကအကောင်းဆုံးမို့လို့ သူမကိုချက်ဖို့ပြောလိုက်မယ်။ သမီးရဲ့ခန္ဓာကိုယ်ပြန်ကျန်းမာပြီးအားရှိဖို့ ညစာစားချိန်မှာ များများစားရမယ်နော်။

"ဟုတ်ကဲ့ပါ"

ချူရှောင်းဆိုဖာပေါ်ကသူမမိဘနှစ်ယောက်ကြား ဝင်ထိုင်ပြီးသူတို့ရဲ့သတင်းစာကိုကြည့်လိုက်သည်။ သူတို့ကစီးပွားရေး၊ စတော့တွေနဲ့ သတခြားစီးပွားရေးဆိုင်ရာသတင်းတွေကိုဖတ်နေကြ၏။ သို့ပေမယ့် သူမထိုအရာများကိုလုံးဝနားမလည်ချေ။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now