CHAPTER-(7)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်ပိုင်လင်းကတက္ကစီခေါ်ချင်ခဲ့ပေမယ့် ဒီနှစ်တွေထဲချူမိသားစုရဲ့ဒရိုင်ဘာက သူမဘေးနားမှာရှိနေခဲ့သည်။ ရလဒ်အနေနဲ့တော့သူမဖုန်းနဲ့ သူမကိုလာခေါ်ဖို့ ကားဘယ်လိုခေါ်ရမယ်မှန်းမသိပေ။ သူမဖုန်းနဲ့ခဏလောက်ဟိုရွေ့ဒီရွေ့လုပ်နေပေမယ့် သူမအဲ့လိုလုပ်ဖို့မအောင်မြင်ဆဲ။
သူကတခြားဘာလုပ်ရလို့လုပ်ရမှန်းမသိတော့ပိုင်လင်းက ပိုင်ရွယ်ဝေ့ကိုဆက်တိုက်ဖုန်းခေါ်နေခဲ့သည်။ နောက်ဆုံးပိုင်ရွယ်ဝေ့က သူမအမေဖုန်းကိုကိုင်လိုက်ချိန်မှာ ထိတ်လန့်ခြင်းတွေအကြောက်တရားတွေ ရုတ်တရက်ပေါ်ထွက်လာတော့သည်။
"ရွယ်ဝေ့! ရွယ်ဝေ့ အမေချူမိသားစုကနှင်ထုတ်ခံလိုက်ရပြီ။ ကျေးဇူးပြုပြီးလာခေါ်လှည့်ပါ။ အမေတခြားအစေခံတွေနဲ့ထပ်ပြီးမျက်နှာချင်းဆိုင်စရာ သိက္ခာမရှိတော့ဘူး။--" ပိုင်လင်းသူ့သမီးကိုပြောနေတုန်း မျက်တွေများကျဆင်းလာခဲ့သည်။
ပိုင်ရွယ်ဝေ့စိတ်ပူစွာမေးလာသည်။
"မေမေ မငိုနဲ့။ဟုတ်ပြီလား? အကုန်လုံးသမီးကိုဖြည်းဖြည်းချင်းရှင်းပြ။ ဘာတွေဖြစ်ခဲ့တာလဲ? အမေအခုဘယ်မှာလဲ?"
ပိုင်လင်းလှည့်ပတ်ပြီး ချူမိသားစုဗီလာကိုကြည့်ခဲ့သည်။ ထို့နောက် သူမမျက်ရည်တွေကိုသုတ်ပစ်လိုက်ကာ သစ်ပင်ရိပ်အောက်လျောက်သွားပြီးရှိုက်ငိုတော့သည်။
"ဒီနေ့မမလေးဆေးရုံကဆင်းလာတော့ သူအိမ်ကိုသခင်ကြီးနဲ့၊သခင်မကြီးနဲ့အတူပြန်လာတယ်လေ။ မမလေးဗီလာထဲဝင်လာလာချင်း အမေကမကြာခင်ယိချန်ယောက္ခမဖြစ်လာတော့မှာမို့လို့ချူမိသားစုဗီလာမှာဆက်မနေသင့်တော့ဘူးတဲ့။ မဒမ်ကလည်းအမေကကျေးဇူးမသိတတ်ဘဲ မမလေးကိုအနိုင်ကျင့်ဖို့ သမီးကိုသင်ပေးလို့ဆိုပြီးအပြစ်တင်တယ်
လေ။ သူ..သူတို့ကအထုတ်ပြင်ဖို့နာရီဝက်အချိန်ပေးပြီး ဗီလာကမောင်းထုတ်လိုက်တယ်။အစေခံတွေကတောင် အရှက်မရှိဘူးဆိုပြီးဆူကြတယ်။ အမေအခုဗီလာရှေ့မှာရပ်နေတာပြီးတော့အမေရဲ့သေတ္တာရှစ်လုံးလည်းဒီနားမှာရှိတယ်။ တက္ကစီဘယ်လိုခေါ်ရမှန်းမသိလို့ ကျေးဇူးပြုပြီးအမေ့ကိုလာခေါ်ပေးပါ။ အမေဆက်ဒီမှာနေစရာမျက်နှာမရှိတော့ဘူး။

YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...