RVTIACF Chapter-(50)

1.2K 170 13
                                    

Sorry စာတွေကျန်ခဲ့လို့ ပြန်publishတာပါ။


CHAPTER-(50)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရှောင်းဟန် စာဖိုင်ကိုဖွင့်ကာ သူမဆီလက်ကမ်းလိုက်သည်။

"ဒါကယိမိသားစုရဲ့အမည်ခံနာမည်ကို လွဲယူဖို့ကျွန်တော်တို့ အစီအစဥ်ရဲ့ အစောပိုင်းမူကြမ်းပါ။ အဲ့မှာ စျေးပြိုင်တဲ့စာဖိုင်တွေနဲ့ အဓိက အချက်အချာ အကြောင်းအရာတွေ ပါပါတယ်။ missချူ ကြည့်ကြည့်ပါဦး။"

အဲ့တာကို ယူမယ့်အစား ချူရှောင်းကထိုင်ခုံလက်ရန်းမှာမှီကာ စာဖိုင်ကိုဖတ်ဖို့ သူ့အနီးကိုတိုးသွားလိုက်သည်။ သူမစာရွက်လှန်နေချိန်မှာ ရှောင်းဟန်က စာဖိုင်ကိုကိုင်ထား၏။ သူတို့ရဲ့အသက်ရှူသံပဲ ကြားရတဲ့အခန်းထဲမှာ ဖိအားတွေပြည့်လျက်။

"အရမ်းကောင်းတယ်။"

ချူရှောင်း ခေါင်းငြိမ့်ရင်း ရယ်မောလိုက်သည်။

"ကျွန်မတကယ် သဘောကျတယ်။"

ရှောင်းဟန်တစ်ယောက် ဘယ်တုန်းကသူ့လက်တွေကို ချူရှောင်းခုံနောက်ကို တင်လိုက်မိမှန်းမသိပေမယ့် သူ့လက်တခြားတစ်ဖက်နဲ့ စားပွဲပေါ်ကိုစာဖိုင်ချလိုက်တဲ့ အနေအထားက ချူရှောင်းကို ခုံမှာပိတ်ထားသလို ထင်ရတော့သည်။

ချူရှောင်းခေါင်းနဲ့ အပိုင်းနည်းနည်းလေးပဲ ခြားတော့တဲ့အထိ သူ့ခေါင်းကိုနှိမ့်ပြီး သူမရဲ့အသက်ရှုသံက သူ့မျက်နှာကိုထိခတ်နေလေသည်။ သူစကားပြောချိန်မှာ အသံကတိုးညှင်းကာ သိမ်မွေ့နေသည်။

"miss ချူကြိုက်တယ်ဆိုလို့ ဂုဏ်ယူမိပါတယ်။"

သူတို့တွေတဖြည်းဖြည်းနီးကပ်လာပြီး နှစ်ယောက်ကြားအကွာအဝေးမရှိတော့သလောက် အခြေအနေကိုရောက်လာတဲ့အခါ ချူရှောင်းဖုန်းမြည်လာတော့သည်။

သူမလန့်သွားကာ ဖုန်းလက်ခံလိုက်သည်။

"အမေ?"

ဖန်ချင်း ရယ်မောလို့နေသည်။

"ရှောင်းရှောင်း၊ ဘယ်မှာလဲ? သမီးအဖေလေယာဥ်က နောက်တစ်နာရီကျော်လောက်ဆို ဆိုက်ပြီ။ တို့တွေလေဆိပ်မှာ သွားတွေ့ကြရင်ကော ဘယ်လိုလဲ? ညစာကောင်းကောင်းလေးပါ အတူတူစားရအောင်လေ?"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now