CHAPTER-(46)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်သင်တန်းနည်းပြ စိတ်ပျက်သွားရအောင်ထိ အတန်းကစိတ်လှုပ်ရှားမှူကြောင့် စကားများနေကြတာကြောင့် သူမျက်မှောင်ကြုံဲပြီး စားပွဲကိုလက်နဲ့ရိုက်လိုက်သည်။
"မင်းတို့ဘာလုပ်နေကြတာလဲ!?"
ကျောင်းသားတွေတီတိုးပြောနေတာ ရပ်တန့်သွားပေမယ့် အတင်းအဖျင်းစာမျက်နှာပေါ်က ထိတ်လန့်ဖွယ်သတင်းတွေကြည့်ဖို့ သူတို့အားလုံး ခေါင်းငုံ့ထားကြသည်—ပိုင်ရွယ်ဝေ့က ယိချန်ကိုယ်ဝန်လွယ်ထားရတယ်! ပိုအရေးကြီးတာက သူမကအပစ်ခံရပြီး ယိချန်ကိုသူမဆီက မလုယူဖို့ချူရှောင်းကို တောင်းပန်ရင်း ငိုနေခဲ့တယ်။
ချူရှောင်းဒီနေ့အတန်းနောက်ကျတာကြောင့် အတန်းရဲ့အလယ်မှာ ထိုင်နေသည်။ သူမနဲ့ အနီးဆုံးအတန်းဖော်က သူမဖက်ကိုင်းလာ၏။
"ချူရှောင်း..ဒါ—ဒါက အမှန်လား? ယိချန်နဲ့....ပြန်အဆင်ပြေသွားကြပြီလား?'
တခြားအတန်းဖော်လည်း ရောက်လာသည်။
"ချူရှောင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ အဲ့မိန်းမကို သေအောင်ငိုပလေ့စေ။ သူမလုယူခဲ့တဲ့နည်းအတိုင်း ငါတို့လည်း ပြန်လုယူရမယ်။"
ချူရှောင်း သူမဆဲလ်ဖုန်းပေါ်က ပို့စ်ကိုဝေ့ကြည့်ရင်း
"ဒါတွေက မှားလားမှန်လားဆိုတာ တက္ကသိုလ်က ဆုံးဖြတ်ပါလိမ့်မယ်။"
သူမ အသက်မပါစွာ ထပ်ပြောလာသည်။
"အမှိုက်ကတော့ အမှိုက်ကန်ထဲပဲ သွားရမှာပဲ။ မထိဘဲနဲ့။"
ချူရှောင်းနားက အတန်းဖော်တွေက အစကမတုံ့ပြန်ပေ။ အသေအချာစဥ်းစားပြီးနောက်မှာတော့ ယိချန်ကအမှိုက် မဟုတ်ဘူးလား? ချူရှောင်းပြောချင်တာက သူမကပိုင်ရွယ်ဝေ့ဆီကနေ ယိချန်ကိုလုဖို့ နှိမ့်ချနေမှာမဟုတ်ဘူးဆိုတာပဲ။ ချူရှောင်းကို အဲ့ဒီကိစ္စတွေထဲဆွဲထည့်တဲ့ အဲ့ဒီတခြားမိန်းမက တကယ်ရူးနေတာပဲ။
ဒီအချိန်မှာ အတန်းကိုဆက်သင်ဖို့လည်း မဖြစ်နိုင်ပေ။ အတန်းနည်းပြအနေနဲ့ အထုပ်သိမ်းပြီး ကျောင်းသားတွေကို အားလပ်ချိန်ပေးတာ ပိုကောင်းပေလိမ့်မည်။
YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...