RVTIACF chapter-(16)

3.1K 468 8
                                    

CHAPTER-(16)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းကားထဲဝင်ပြီး ခရီးသည်ထိုင်ခုံတွင် စာအုပ်များချထားလိုက်သည်။ ထို့နောက်သူမ၏ဖိနပ်တွေကို အနီရောင်ဖိနပ်အပါးတစ်စုံနဲ့လဲဝတ်ကာ မျက်မှန်တပ်ရင်းကားမောင်းသွားတော့သည်။ လူတွေကတော့ သူတို့ရိုက်ထားတဲ့သူမရဲ့ပုံတွေကို ကျောင်းဖိုရမ်သို့တင်ကြဆဲ၊ အများစုကတော့ ဒီနေ့ဖြစ်တဲ့အက်ဆီးဒန့်အကြောင်း ဆွေးနွေးကြသည်။

ချောမောသောကောင်လေးနှင့် မိန်းမလှလေးတွေကြား အငြင်းပွားဖွယ်ကိစ္စများက အမြဲလိုလို တခြားသူတွေရဲ့အာရုံကို ဆွဲဆောင်တတ်သည်။ ထိုကိစ္စကို ပါဝင်ပတ်သတ်နေသူထဲကတစ်ယောက်က အလွန်ချမ်းသာ​သောမိသားစုမှ တက္ကသိုလ်အိုင်ဒေါလ်ဖြစ်နေတော့ ပိုဆိုးတော့သည်။

လူတွေဒီကိစ္စအကြောင်း မရပ်မနားအတင်းပြောနေကြမှာ မလွဲပေ။အဲ့လိုဆိုရင်တောင် သူတို့မထင်ထားမိသည်က ချူရှောင်းအရမ်းမိမိုက်နေလိမ့်မည်ဟု။ ချူရှောင်းကတော့ မသိခဲ့ပေမယ့် စောစောကအက်ဆီးဒန့်က သူမကိုဖန်အနည်းငယ် ရရှိစေခဲ့လေသည်။

ချူရှောင်းက ကုမ္ပဏီဆီ တည့်တည့်မောင်းလာခဲ့သည်။ မြေအောက်ကားပါကင်နေရာ မှာ ကားထိုးထားခဲ့ပြီးနောက် အဆောက်အဦးရဲ့ထိပ်ဆုံးထပ်ဆီ ဓာတ်လှေကားဆီးသွားလိုက်
၏။သူမရုံးထဲကိုဝင်လိုက်သည်နှင့်  အတွင်းရေးမှူးကသူမကို ပြုံးကာနှုတ်ဆက်သည်။

"မစ်ချူ, အတန်းပြီးသွားပြီလား?"
ချူရှောင်းခေါင်းငြိမ့်ပြီး ပြောသည်။

"ကျွန်မကို နောက်ကျရင် ချူရှောင်းလို့ခေါ်နိုင်ပါတယ်။ ကျွန်မနောက်ပိုင်း ကုမ္ပဏီမှာအလုပ်လုပ်တဲ့အခါ အထူးတလည် ဆက်ဆံစရာမလိုပါဘူး။"

"ကောင်းပါပြီ ချူရှောင်း။ ဒါရိုက်တာဖန်က အခုအစည်းအဝေး လုပ်နေပါတယ်။ အစည်းအဝေးက နောက်နာရီဝက်လောက်ဆို ပြီးတော့မှာပါ"

"okay ကျွန်မနားလည်ပါပြီ။ ကျေးဇူးပါ။"

အလုပ်သမားတွေ သူမကိုသာမန်လူလိုတစ်ဦးလို ဆက်ဆံဖို့မဖြစ်နိုင်မှန်း နားလည်သည်။ ဤသည်ကပုံမှန်လိုပင်ဖြစ်တာကြောင့် သူမစိတ်ထဲမထားပေ။ လူတိုင်းနှင့်အဆင်ပြေပြီး ဘာမှမလုပ်တတ်တဲ့ သခင်မလေးတစ်ယောက်လို မဆက်ဆံရန်သာမျှော်လင့်ရပေမည်။ သူမသူတို့ဆီကသင်ယူဖို့ လိုအပ်နေဆဲဖြစ်ပြီး အနာဂတ်မှာလည်းအကူအညီယူရပေဦးမည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now