RVTIACF Chapter-(12)

3.4K 488 24
                                    

CHAPTER-(12)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ယိချန်တခဏတာမျှ တွေဝေသွားသည်။ သူလျှင်မြန်စွာပင်တွေဝေမှူကို မောင်းထုတ်ကာ
ယိကျန့်ဟုန်ဆီလျောက်သွားလိုက်ပြီး သူဆိုဖာထက်ထိုင်ချကာ ပြောလိုက်၏။

"ဖေဖေ အရမ်းပုံကြီးချဲ့နေတာမဟုတ်ဘူးလား? ကျွန်တော်ကလေးတုန်းကဆို ချူမိသားစုကယိမိသားစုထက် အခြေအနေဆိုးနေခဲ့တာလေ။ ချူမိသားစုကပေါင်းစည်းပြီးနောက်မှာ ထပ်ဆင့်ကြီးထွားလာတာဆို ကျွန်တော်တို့ ယိကုမ္ပဏီကိုလည်းဘာလို့အမြင့်တစ်ခုဆီ ဦးမဆောင်နိုင်ရမှာလဲ? ကုမ္ပဏီတွေအများကြီးရှိတာကို ဘာလို့ချူမိသားစုနဲ့ပူးပေါင်းဖို့လိုမှာလဲ?"

"မင်းကဘာမှမသိတော့ပြောဖို့လွယ်တာပေါ့! မင်းသိတာအိမ်အကူရဲ့သမီးနဲ့ ဘယ်လိုကစားရမလဲ ဆိုတာပဲလေ!"

ယိချန်ရုတ်တရတ် ထရပ်လိုက်၏။ သူပြောနေတုန်းသူ့မျက်နှာထက်က အမူအရာမှာ အကျည်းတန်နေသည်။

"ဖေဖေအဲ့လိုမပြောနဲ့။ သူမကို အိမ်အကူသမီးလို့နာမည်မတပ်နဲ့။ သူ့မှာနာမည်ရှိတယ်..နောက်ပြီးကျွန်တော်သူ့ကိုကစားနေတာမဟုတ်ဘူး။ ကျွန်တော်နဲ့ရွယ်ဝေ့က အချစ်စစ်နဲ့ချစ်တာ"

ယိကျန့်ဟုန် သူ့အားနှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့နှစ်ယောက်ကအချစ်စစ်တဲ့လား? ပိုင်လင်းချုမိသားစုက ကန်ထုတ်ခံလိုက်ရတော့ ဒီထက်ပိုပြီးအစေခံတစ်ယောက်မဟုတ်တော့ဘူးလို့ ထင်နေတာလား? ရှောင်းရှောင်းနောက်ကလိုက်တာနဲ့ပဲ ပိုင်ရွယ်ဝေ့ကတကယ့်သခင်မလေးဖြစ်လာမယ်လို့ မင်းထင်နေတာလား?

ချူမိသားစုက သားအမိနှစ်ယောက်ကိုနေစရာနေရာပေးတဲ့အထိ ကြင်နာခဲ့ပါတယ်...သူတို့ကကြင်နာမှုကို ပြန်ဆပ်ရမယ့်အစား ချူမိသားစုကိုချနင်းလိုက်တယ်။ မင်းရူးသွားပြီလား?
သူတို့လိုလူတွေနဲ့ ဘာလို့ပေါင်းရတာလဲ?

ဒီနေ့သူတို့ ချူမိသားစုကိုချနင်းဖို့ဆန္ဒရှိနေရင်...နောက်အနာဂတ်မှာ ယိမိသားစုကိုလည်း ချနင်းသွားနိုင်တယ်။ ရှင်းရှင်းပဲပြောမယ်။ ပိုင်ရွယ်ဝေ့ကမင်းအဆင့်နဲ့ဂုဏ်နောက်ကိုလိုက်နေတာကွ!"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now