RVTIACF Chapter-(2)

4.6K 555 21
                                    

Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်။

ချူရှောင်း၏တုံပြန့်မှုကား သူ့ကိုကြည့်သည့် အထင်သေးသောအကြည့်တစ်ချက်သာ ဖြစ်၏။ သူမ၏အကြည့်တွင်တော့ အညစ်အကြေးတစ်ခုအားကြည့်နေရသကဲ့သို့ မနှစ်မြိုရွံရှာမှုများ ပြည့်နေလျက်။

ယိချန်မှာတော့ ဒီအခန်းထဲတွင်တစ်စက္ကန့်ပင်ထပ်ဆက်၍ မနေနိုင်တော့ပေ။ ထို့ကြောင့် သူပြန်လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။ ယခုတွင်သူသည် ဆေးရုံထဲသို့ပထမဆုံးဝင်စကထက်ပို၍ ကသိကအောက်ဖြစ်ပြီးမွန်းကြပ်နေခဲ့သည်။

နောက်ဆုံးတော့ ချူရှောင်းတစ်ယောက်တည်းဖြစ်သွားပြီ။ လူတိုင်းထွက်သွားပြီး ချူရှောင်းတစ်ယောက်တည်းကျန်ခဲ့သည်နှင့်တစ်ပြိုင်နက် သူမမျက်နှာထက်တွင် စူးစမ်းလိုသောအမူအရာပေါ်လာတော့သည်။

ဒီကမ္ဘာကသူမ မူလနေထိုင်ခဲ့တဲ့ကမ္ဘာနှင့်လုံးဝကွဲပြားသည်။ လှပသောနံရံကပ် စက္ကူများ၊ အထူးကောင်းမွန်သော မီးဆိုင်းများ၊ ကြည်လင်ပြီးဖောက်ထွင်းမြင်နိုင်သော ပြတင်းတံခါးများနှင့် ပြတင်းပေါက်အပြင်ဘက်မှ အထပ်မြင့်မိုးမျှော်တိုက်ကြီးများ..စသည်တို့အားလုံးမှာသူမနှင့်စိမ်းသက်နေပြီး အရင်ကတစ်ခါမှမမြင်ဖူးသောအရာများဖြစ်ကြသည်။

မူလကိုယ်ရဲ့မှတ်ညဏ်တွေကို လက်မခံခဲ့ရရင် ဒါဘာတွေလဲဆိုတာသူမသိမှာတောင်
မဟုတ်ပေ။

သူမစောင်ကိုဆွဲဖယ်ကာ ထထိုင်လိုက်ပြီးသည့်နောက် နာကျင်မှုတွေတစ်ဖြည်းဖြည်းလျော့ပါးမသွားခင်ထိ သူမရဲ့အဆင်မပြေဖြစ်နေသော အစာအိမ်ကိုညင်သာစွာပွတ်နေခဲ့သည်။အဲ့နောက်သူမ မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီခပ်ဖြေးဖြေးလျောက်လိုက်သည်။

သူမနေသောဆေးရုံခန်းက အလွန်တိတ်ဆိတ်သောနေရာတွင်ရှိသည်။ စိမ်းစိမ်းစိုစို အစိမ်းရောင်ဥယျာဥ်နဲ့ တလက်လက်တောက်ပနေသောရေကန်ငယ်လေးကိုပင် သူမပြတင်းပေါက်အပြင်ဘက်မှမြင်နေရသည်။

ရှုခင်းကလှပပြီး ပုံမှန်မဟုတ်တာရှိမနေချေ။ သူမအတွက်ထူးခြားနေသည်က အဝေးကလမ်းမကြီးပေါ်မှာ မောင်းနှင်နေတဲ့ကားလေးတွေပင်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now