RVTIACF Chapter-(6)

3.7K 551 23
                                    

CHAPTER-(6)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"ဖေဖေကအကောင်းဆုံးပဲ"ချူရှောင်းခြေဖျားထောက်ပြီး ချူဆုံချီရဲ့ပါးပေါ်နမ်းလိုက်ကာဖန်ချင်းပါးကိုနမ်းဖို့လည်းလှည့်လိုက်သည်။

"မေမေလည်းကောင်းတယ်၊ မေမေတို့နှစ်ယောက်လုံးကို အရမ်းချစ်တယ်!"

ချူတုံချီနဲ့ဖန်ချင်းက သူတို့သမီးကိုနွေးနွေးထွေးထွေးပြုံပြကြသည်။ သူတို့သမီးစိတ်တိုတာရော၊ဝမ်းနည်းတာရောမရှိတော့ဘူးဆိုတာ နောက်ဆုံးမှာသူတို့သဘောပေါက်သွား
လေပြီ။ ဖန်ချင်းက ချူရှောင်းနမ်းတာကို သူမပါးဆီခပ်ဖွဖွပြန်နမ်းလိုက်ပြီး ပြောလိုက်သည်။

"မေမေနဲ့ဖေဖေကလည်း သမီးကိုအချစ်ဆုံးပဲ။ အိမ်မှာပျော်ပျော်နေ၊ မေမေအလုပ်ကပြန်ရောက်ရင် သမီးကြိုက်တဲ့tiramisu အချိုပွဲဝယ်ခဲ့မယ်။"

"ဟုတ်ကဲ့ပါ၊ ဖေဖေနဲ့မေမေ အလုပ်သွားတော့လေ။"

ချူရှောင်းသူတို့လက်မောင်းတွေကို လွှတ်ပေးပြီး သူတို့ကိုလက်ယမ်း​ပြခဲ့သည်။

ချူတုံချီနဲ့ဖန်ချင်းအတူတူထွက်သွားပြီး အရေးကြီးအလုပ်ကိစ္စကိုဖြေရှင်းဖို့ အပြေးအလွှားသွားကြတော့သည်။ ချူမိသားစုနဲ့ဖန်မိသားစုက သူတို့သားနှင့်သမီးကို
စီးပွားရေးအရလက်ထပ်ပေးခဲ့ကြသည်။

မူလကတော့ သူတို့အသီးသီးရဲ့လုပ်ငန်းတွေက ဒုတိယအဆင့်ကုမ္ပဏီများသာ ဖြစ်ကြ၏။ကုမ္ပဏီနှစ်ခုရဲ့ဆက်ဆံရေးတွေကိုအတူတူပေါင်းစည်းတဲ့ လက်ထပ်ပွဲဖြစ်နေတာတောင် သူတို့ကနက်နက်ရှိုင်းရှိုင်းချစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက်သဟဇာတဖြစ်ကြသည်။

ချူရှောင်းအသက်18နှစ်တွင် သူ့မမိဘတွေကသူ့တို့ကုမ္ပဏီတွေကို ပေါင်းစည်းပြီး အရှေ့ကော်ပိုရေးရှင်းဟုနာမည်ပြန်ပေးခဲ့လေသည်။ အနာဂတ်မှာ ကုမ္ပဏီကိုချူရှောင်းဆီလက်လွှဲပေးဖို့ သူတို့ကစီစဥ်ထားကြ သည်။

ကုမ္ပဏီနှစ်ခုပေါင်းစည်းပြီးချိန်မှာ အရှေ့ကုမ္ပဏီအသစ်ကတရုတ်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်လာခဲ့တော့သည်။ ရလဒ်အနေနဲ့ကတော့ ချူရှောင်းမိဘနှစ်ယောက်လုံး အလွန်အလုပ်များလာသည်ပေါ့။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now