Ep-1

44.3K 612 3
                                    

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ  ကြီးမားသော  ခြံဝင်းအတွင်း ခမ်းနားလှသော အဆောက်အဉီးများထဲမှ အကြီးမားဆုံး  အိမ်ရှိ ထမင်းစားခန်းအတွင်း၌  တောင်ကြီးမြို့မျက်နှာဖုံးမိသားစု စော်ဘွားဉီးခွန်မင်းရန် တို့မိသားစု ညနေစာ စားနေကျသည်။

" စောမြ    မဟာလေးရောပြန်မလာသေးဘူးလား"

"ဟုတ်ကဲ့  သခင်မကြီး သခင်လေးမဟာ
ပြန်မရောက်သေးပါဘူး"

"ဒီကလေးနှယ်  ထမင်းစားချိန်ဆို   ဒီအဘွားကြီးက အတူစားချင်မှန်းသိလျက်နဲ့  ပြန်မလာဘူး   သား မဟာလေးကိုပြီးရင်ဖုန်းဆက်ပေးစမ်းပါ"

"ဟုတ်ကဲ့ မယ်မယ် သားဆက်ပေးပါမယ့့်
မယ်မယ်ထမင်းကိုသာ အေးဆေးစားပါ"

"ငါ့မြေး လေးမရှိတော့ စားချင်စိတ်တောင်မရှိတော့ ဘူးကွယ်"

"မယ်မယ်ရယ် သူကဒီချိန်ဆိုအိမ်မှမကပ်ပ်တာ
သူမရှိလို့မစားားရင် မယ်မယ်ပဲကျန်းမာရေးထိခိုက်မှာလေ  မယ်မယ်အားရှိအောင် စားပါနော် သားမင်းမြတ် ဘွားမယ်ကို ဟင်းလေးထည့့်ပေးပါအုံးကွယ်"

သူမအား ပြောနေသော သူမဒုတိယချွေးမ
နန်းဝေစီအား  မကြည်ကြည့်တစ်ချက်ပေးကာ  ဟင်းထည့့်ပေးလာသော  ​သူမမြေးခွန်မင်းမြတ်ကြောင့် သူမချွေးမကို ပြန်ပြောမနေတော့ပေ။မဟာအမေ ပထမချွေးမကိုကြည့်တော့  အေးဆေးစွာထမင်းစားနေသည်။သူပဲ
ကောင်းတယ် ကိုယ့်သားကိုပြောနေလဲ သူမကအေးဆေးပဲနေတက်သည်လေ။သူမကိုယ်တိုင်က ဒီလိုမိသားစုအရှုပ်တွေဖြစ်အောင် လုပ်ထားတော့ သူမချွေးမအပေါ်မျက်နှာပူရသည်မည်မလား။မြေးမ ထိပ်ထားနဲ့အငယ်ဆုံးမြေးမ နန်းကြာရိုးနွယ်ကတော့
စိတ်မဝင်စားစွာ ထမင်းကိုစားနေသည်။ကျန်တဲ့မိသားစုတွေ စုံနေပေမဲ့ သူမြေးမ ဟာကတော့ အိမ်မကပ်တက်ပေ  ဒီအချန်ဆို သူပိုင်တဲ့ဘားမှာရှိနေလောက် မည်။

"ဟေ့ကောင်ရ  တော်တော့ကွာ မင်းများနေပြီး
မင်းချနေကျထက်  ဆေးပိုများရင်မကောင်းဘူးကွ"

"မင်းကလဲကွာ  အေးဆေးနေစမ်းပါ   ငါနားနေခန်းထဲသွားတော့မယ်  ရော့ငါ့ဖုန်းအိမ်ကဆက်ရင် ဒီညပြန်မလာတော့ဘူးလို့ပြောလိုက်"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now