Ep-15

10.5K 279 2
                                    

အခန်း ၁၅

"မောင့်အသည်း ကောင်းကောင်းနေခဲ့နော် တစ်လတစ်ခေါက် လောက် မောင်လာခဲ့မယ်
ကျန်းမာရေးကို ဂရုစိုက် အစာကိုလဲ အချိန်မှန် စားဖို့မမေ့နဲ့ ပြီးတော့ ညဖက်အိပ်ရင်လဲ တံခါးတွေကို သေချာစစ်ဖို့ မမေ့နဲ့ ဟူးစိတ်မချဘူးကွာ မင်းတစ်ယောက်ထဲထားခဲ့ရမှာကို မောင်စိတ်မချနိုင်ဘူး ဖြစ်နေတယ်ကွာ"

ရင်ခွင်ထဲ သူမကိုပွေ့ဖက်ကာ စိတ်ပူနေတဲ့မောင်ကို သူမပိုတိုးကာ ဖက်ထားမိသည်။သူမတစ်ယောက်ထဲ ထားခဲ့ရမှာကို မောင်စိတ်မချတာ သူမလဲသိပါသည်။သူမ မောင်မျက်နှာကို မော့ကြည့့်ရင်း

"မစိုးရိမ်ပါနဲ့မောင်ရဲ့ စံနေရဲပါတယ် ပြီးတော့ အိမ်နီးနားချင်းမှာလဲမြန်မာတွေရှိတာကို မောင်လိုက်အပ်ထားတာမို့ စံအကူအညီလိုရင်တောင်းလို့ ရတယ်လေနော်
မောင်သာစံကို ခနခနလာတွေ့သိလား ပြီးတော့ကျောင်းမှာလဲ ကောင်းမလေးတွေနဲ့မခေါ်ရဘူးနော် မောင်မှာစံရှိတယ်ဆိုတာ မမေ့ရဘူးသိလား"

နှုတ်ခမ်းလေးထော်ကာ ကလေးဆန်ဆန်သူမအပြောကြောင့် သူအသည်းယားကာ

"ဟွန့် ချစ်လိုက်တာ မင်းပဲအပြောကောင်း မောင်ကပိုချစ်ရတဲ့သူပါ မင်းကိုမေ့မလား
မင်းသာမောင်ကို မေ့မသွားနဲ့ မောင်အမြဲလာတွေ့မယ် လာပါအုံး နှုတ်ခမ်းလေးကို နမ်းချင်လို့"

နှုတ်ခမ်းလေးကို အမြန်လေးနမ်းလိုက်တာကို သူမကရှက်နေသေးသည်။လေယာဉ္ထွက်ခွာတော့မှာမို့ သူအထဲဝင်ရန် တန်းစီသည့့်နေ ရာထိ သူမလေးက ဘေးကနေသူလက်ကိုဆွဲ လိုက်လာကာ ကလေးတစ်ယောက်လိုမခွဲနိုင်မခွာနိုင်ဖြစ်နေတဲ့ ပုံစံလေးကြောင့် သူမထားရက်နိုင်ပေ။

"မောင့်အသည်း မောင်လက် မှတ်ကို cancel
လုပ်လိုက်ရမလား"

"ဟင် မဟုတ်တာမောင်ရယ်ပြန်ပါ နောက်လဲလာမှာပဲကို"

သူအထဲဝင်တော့မှ သူမလဲ တာ့တာ့ပြပြီး ပြန်လာခဲ့သည်။အခန်းထဲရောက်တာနဲ့ ဆိုဖာမှာထိုင်ရင်း မောင်ဒီမှာနေတဲ့ ၂ပတ်လုံးလုံး
အခန်းထဲရှိမောင်နဲ့အမှတ်တရတွေကို သတိရနေမိသည်။သူမကျောင်းပြန်လာတဲ့နေဆိုမောင်က ထမင်းဟင်းဝယ်လာပြီ အသင့့်စားရအောင်ပြင်ဆင်ပေးတက်သည်။မောင်ရောသူမရောက ထမင်းဟင်းမချက်တက်သူချင်းမို့ ချက်မစားပဲ ဝယ်စားဖြစ်သည်။အချိန်ကြာလေ မောင်ကသူမအတွက်ယုံကြည်အားကိုးရာပင် သူမအပေါ်နမ်းတာထက်မပိုတဲ့ မောင်ရဲ့ထိန်းသိမ်းမှုတွေကြောင့် မောင်ကို ပိုချစ်မိသည်။ချစ်သူတိုင်း ယုယချင်တာ အသွေးအသားချင်းနီးချင်ကြတာ သဘာဝပဲမို့ မောင်တောင်းဆိုလာရင်တောင်သူမပေးဖို့ ဝန်မလေးပါ ဘာလို့ဆို မောင်ကိုသူမဘဝကြီးထက်ချစ်လို့ပင်ဖြစ်သည်။မောင်အကြောင်းတွေးရင်း ရေမိုးချိုးကာ ကျောင်းသို့ထွက်လာခဲ့သည်။ကျောင်းရောက်တာနဲ့ပါမောက္ခတွေ သင်ကြားတာကို နားထောင်မှတ်သားပြီး စာသင်ချိန်ပြီးတာနဲ့ စာတမ်းပြုစုဖို့ အချက်အလက်စုရန် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now