Ep-31

7.7K 252 16
                                    

အခန်း ၃၁

စံ အခန်းထဲမှာ ငိုရင်း အိပ်ပျော်နေရာ နန်းတို့ လာနိုးမှ နိုးတော့သည်။

"ဟဲ့ စံ အိပ်လှချည်လား ညရောက်နေပြီ ထတော့လေ နေမကောင်းဖြစ်နေမယ် ထ ဟင်"

စံကို အတင်းနိုးပြီး  ဆွဲထူတော့ မျက်နှာက မို့အစ်ပြီး မျက်လုံးများက ဖောင်းကာ နီနေသည်။မဟာနဲ့ သွားတွေဖို့ ခြံပြင်ထွက်သွားကတည်းက သူမတို့နဲ့ မတွေ့တာမို့ စံဘာဖြစ်နေလဲ မသိပေ။

"စံ နင်ငိုထားတာလား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"မဟာနဲ့ စိတ်ဆိုးထားတာလား စံ"

သူမအား စိုးရိမ်တကြီး မေးနေတဲ့ သူငယ်ချင်းတွေကို လျှို့ဝှက်ချက်မထားပဲ တိုင်ပင် နေကြမို့ သူမနေ့လည်က မဟာတို့အိမ်သွားတဲ့အကြောင်း မဟာနဲ့ ပြသနာတက်တဲ့ အကြောင်းကို ပြောပြလိုက်သည်။

"ဘာ ဒင်းးက ငထင်နဲ့ နင့့်ကို အထင်လွဲပြီး ပြောဆိုလိုက်တယ်ပေါ့ ဟုတ်လား"

နန်းက ဒေါ်သတကြီး မွေ့ယာကို ထုကာ ပြောလေသည်။ချယ်ကလဲ

"အဲကောင်က သူအစ်မပြောတဲ့ စကားကို ယုံပြီး နင့့်ကို မယုံဘူးဆိုကတည်းက စံ နင်စဉ္းစား သင့့်ပြီနော် နင်တို့တွဲလာတဲ့ သက်တမ်းလဲ ကြာပြီပဲ နင့့်စိတ်ကို သူသိသင့့်တာပေါ့  ပြီးတော့ နင်သူနဲ့ယူရင် နင်ကို မလိုလားတဲ့ အသိုင်းအဝိုိင်းမှာ နင်ကိုမယုံကြည်တဲ့ မဟာနဲ့ ဘယ်လို နေနိုင်မှာလဲ သူငယ်ချင်းရယ်"

"ဟုတ်တယ် ချယ်ပြောသလိုပဲ သူရှေ့မှာတော့ ကောင်းပြီ နောက်ကွယ်မှာ နင်နဲ့သဘောမတူဘူးလို့ပြောတာ မျက်နှာနှစ်ဖက်နဲ့ ကြောက်စရာကောင်းလိုက်တာ စံ နင်လက်ထပ်ဖို့ကို ပြန်စဉ္းစားဖို့ ငါပြောချင်တယ်"

စံ သူမသူငယ်ချင်းများ ပြောသော သူမနဲ့မဟာ ကြားက အရာတွေက မှန်ကန်နေတာမို့ သူမလဲ ဆုံးဖြတ်ချက်တစ်ခုကို ချမှရမည်။အထူးသဖြင့် မောင်ဟာ သူမအပေါ် သဝန်တို စိတ်ကြောင့် စွပ်စဲွတာပဲဟု ဖြေလိုက်နိုင်ပေမဲ့ တကယ်တော့ ရှေ့ဆက်ရမယ့်လမ်းမှာ မောင် သူမအပေါ် နားလည်မှု မရှိရင် အမြဲတမ်း စွပ်စွဲစော်ကားနေမှာပဲ။

မောင့်ရင်မှာ အမြင့်စံ(completed)Tahanan ng mga kuwento. Tumuklas ngayon