Ep-23

7.9K 236 10
                                    

အခန်း ၂၃

မြွေလိမ်မြွေကောက် တောင်ဆင်းတောင်တက်လမ်းတွေကို သူကျွမ်းကျင်စွာ မောင်းလာခဲ့သည်။လမ်းမကြီးကနေ တောတွင်းလမ်းခွဲလေးကို ခဲွဆင်းကာ သူသစ်လုံးအိမ်သို့ဆက်မောင်းလိုက်သည်။

ကျွီ ကျွီ ကျွီ

ဆိုင်ကယ်ဘီး ရပ်သံ သုံးသံအတူ သစ်လုံးအိမ်ရှေ့တွင် ရပ်လိုက်သည်။စံ လှပသော သစ်လုံးအိမ် တစ်ထပ်ထဲကို အဆောင်အဆောင် ဖဲွဆောက်ထားပုံမှာ နေချင်စရာဖြစ်နေသည့်အိမ်ကို သဘောကျမိသည်။ အိမ်ပတ်ပတ်လည်မှာ ပန်းပင်လှလှနဲ့ မြက်ခင်းပြင်ပဲ ရှိကာကျန်တဲ့ နေရာမှာတော့ သစ်ပင်ကြီးတွေသာ တောလမ်းတစ်လျှောက်အိမ်တစ်လုံးမှ မတွေ့ပဲ တိတ်ဆိတ်လွန်းကာ ကျေးငှက်သံပဲ ကြားရသည်။ထိုစဉ္ အိမ်ထဲမှ အသားဖြူဖြူ အန်တီတစ်ယောက်ထွက်လာပြီး

"သခင်လေးတို့ လာမယ်ဆိုလို့ ဖွယ်ဖွယ်ရာရာပြင်ဆင်နေတာနဲ့ မကြိုမိလိုက်ဘူးကွယ်"

"ရပါတယ် ကြီးမယ် ကျနော် တို့ကဧည်သည်မှမဟုတ်တာ ဒါနဲ့ ဘကြီးစိုင်းရော မတွေ့ပါလား"

"ရှိတယ် ခုနကတော့ သခင်လေးတို့ စားဖို့ အသီးလေးသွားခူးမယ်ဆိုပြီး ထွက်သွားတာပဲ"

"ကြီးမယ် ဒါက ကျနော် ဧည်သည် အမတွေပါ ဒါကတော့ ကျနော်ရဲ့ ဇနီးလောင်း ဧကရီအမြင့်စံ စံ ဒါက မောင်ရဲ့ ဒီအိမ်ကို ထိန်းသိမ်းပေးနေတဲ့ ကြီးမယ်နန်းတဲ့ အဲဘကြီးစိုင်းနဲ့လင်မယားတွေ "

နန်းနဲ့ချယ် သူမတို့ကျ သေချာမိတ်မဆက်ပဲ စံကိုကြဇနီးလောင်းအဖြစ်အကဲပို မိတ်ဆက်တာကြောင့် မဟာကို မကျေကြည့်ဖြင့်ကြည့်မိသည်။ခွန်နဲ့ ရန်နိုင်မှာလဲ သူတောင်းစား ဟုဆဲမိသည်။စံ တို့၃ယောက် လဲ အသားဖြူဖြူပြည့်ပြည့်ဖြင့် ကြီးမယ်နန်းကို နှုတ်ဆက်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်ရှင့်"

"ကြီးမယ်လဲ ဝမ်းသာပါတယ်ကွယ် သားတို့ အခန်းတွေ အကုန် ရှင်းထားတယ်သိလား ပင်ပန်းလာမှာပေါ့ သွားနားချေ သမီးတို့အတွက် အခန်း ကို ကြီးမယ် လိုက်ပြမယ်"

"နေပါစေ ကြီးမယ် သမီးတို့မနားတော့ ပါဘူး ကြီးမယ် ဘာလုပ်စရာရှိလဲ ကြီးမယ်ကို ကူလုပ်ပေးမယ်လေ"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now