Ep-27

8.2K 231 6
                                    

အခန်း ၂၇

မောင် အိမ်ကပြန်ရောက်တော့ သူငယ်ချင်းမ နှစ်ယောက်က သူမအား အခြေအနေကို မေးကြသည်။မောင်တို့ အိမ်ကမိသားစု အကြောင်း သိနေတဲ့ နန်းက စိုးရိမ်ကာ သူမအား အကြောင်းစုံ မေးလေသည်။အထူးသဖြင့် မောင်အဘွားနဲ့ မောင့်အစ်မက သူမအား ကြည်ဖြူနေကာ ဘာမှ မကန့်ကွက်ကြောင်းပြောတော့ နန်းက အံဩသွားကာ

"ထူးဆန်းလိုက်တာ  ပုံမှန်ဆို အဲအဘွားကြီးက ဂုဏ်အရမ်းမောက်တာဟ သူကအနွယ်ဝင်သွေးမှ အနွယ်ဝင်သွေး   ပြီးတော့ ထိပ်ထားဆိုတဲ့ မဟာအစ်မက ဟိုတစ်ခါတွေ့တုန်းကတောင် စံကို နှိမ်သွားသေးတာလေ    သူတို့က ကြည်ဖြူတယ်ဆိုတော့ တစ်မျိုးမထင်နဲ့ စံ နင်က အဖက်ဖက်က အပြစ်ပြောစရာမရှိအောင် တန်ဖိုးရှိတဲ့သူပေမဲ့ သူတို့အတွက်ကတော့ အနွယ်ဝင်မဟုတ်တဲ့သူကို လက်ခံတယ်ဆိုလို့ ငါကပြောတာပါ
တကယ်သူတို့စိတ်ရင်းမှန်ဆိုရင်တော့     ငါ့သူငယ်ချင်းလေးကို လက်ခံတာ ငါဝမ်းသာပါတယ်ဟာ"

"အေးလေ နန်းကလဲ ချယ်တို့စံလေးက ပျော်နေတာကို နင်ကလဲ  အရင်ကဆို ငါတို့ထဲမှာ  အပျိုကြီးဖြစ်မယ်ဆိုပြီ ထင်တဲ့ စံက လက်ထပ်တော့မယ် ငါနဲ့နင်ကတော့ ခုထိ ဖူးစာရှင်က မပေါ်လာသေးဘူး ငါတို့ ဖူးစာရေးနတ်က အိပ်ပျော်နေလားမသိဘူး"

"ဟုတ်ပ နန်းလဲ ကျောင်းကတည်းက အပျိုကြီးမလုပ်ဘူး လင်ယူမယ်ဆိုပြီး ကြွေးကြော်လိုက်ရတာ ခုတော့ အသက်က အပျိုကြီးထဲ ဝင်နေပြီ"

"ဟုတ်ပ ဆေးရုံမှာဆိုဟယ် ငါတို့နှစ်ယောက်ကို ဒေါက်တာဘယ်သူဆိုပြီးတောင် မခေါ်တော့ဘူး သိလား တစ်ယောက်ကများခေါ်ရင် ဒေါက်တာအပျိုကြီးဆိုပြီး ခေါ်တာ ဆေးရုံအုပ်ပါ ပါတယ်ဟယ်"

"အေးလေး နန်းကိုလဲ အဲလိုခေါ်တာ"

"ဟုတ်လား စံမရှိတုန်း နင်တို့အဲလောက်ဖြစ်သွားလား  အဲဒါကြောင့်ပြောပါတယ်  လာကြိုက်ရင်လဲ နည်းနည်းလောက် မူပြီး ရွေးမှပေါ့   မရွေးဘဲ ငြင်းတာကို ခုမှ နောင်တမရနဲ့"

သူငယ်ချင်းတွေကို စတော့ သူမတို့နှစ်ယောက်က သူမလက်မောင်းကို ရိုက်ကာ

"သူကများ ပြောရတယ်ရှိသေး မဟာသာ ဇွတ်အတင်း ရည်းစားမတော်ရင် အပျိုကြီးက နင်လဲ ဖြစ်မှာပါနော် ဟုတ်တယ်မလား ချယ်"

မောင့်ရင်မှာ အမြင့်စံ(completed)Tempat cerita menjadi hidup. Temukan sekarang