ep - 11

11.6K 336 8
                                    

Zawgyi

အခန်း ၁၁

သူရဲ့ အနမ်းတွေရပ်သွားမှ သူရင်ခွင်ထဲကနေမော့ကြည့်တော့ သူကလဲသူမကိုကြည့်နေတာမို့ ရှက်ရှက်နဲ့ သူရင်ဘက်ထဲမျက်နှာကို ဝှက်ထားတော့ သူက ခပ်တိုးတိုးရယ်နေသည်။သူမျက်နှာကို ပြန်မော့ကြည့်မိတော့
ယောကျာ်းပီသစွာချောမောနေတဲ့  မျက်နှာကိုသေချာကြည့်နေမိသည်။

"မောင်ကို  လွမ်းလို့ကြည့်နေတာလား"

သူပြောမှ သူမျက်နှာဆီက အကြည့်ကိုလွှဲရင်း

"မဟုတ်ပါဘူး"

"ဟာ မောင့်အသည်း ခင်ဗျားနော်  အလုပ်တွေပြီးလို့လွမ်းလို့​အပြေးပြန်လာလဲ ခင်ဗျားကပြန်သွားတယ်တဲ့ ခုမန္တလေးထိ အရမ်းတွေ့ချင်လွန်းလို့လာတွေ့တော့လဲ ရင်ဝကိုဆောင့်ကန်သလိုပဲ  ခင်ဗျားက မလွမ်းတဲ့အပြင် တွေ့တောင်မခံချင်ဘူးနော်   မောင့်အသည်း  မောင့်ကိုနည်းနည်းလေးတောင် သတိမရဘူးလားဟင်"

သူက အဲလိုတွေပြောလေ သူမရဲ့တင်းထားတဲ့  စိတ်တွေပျော့ချင်လာလေ ဖြစ်နေသည်။
တစ်ဖက်ကလဲ သူ့ကိုလက်ခံချင်ပေမဲ့ အသက်အရွယ်   နဲ့ အသိုင်းင်းအဝိုင်း မတူတာကြောင့် မိန်းမသားမို့ စဉ်းစားရသေးသည်။အဓိက က သူမိဘအသိုင်းအဝိုင်း​အကြောင်းနန်းကပြောပြထားလို့ သိနေတာကြောင့်ရယ် ဟိုတစ်ခါ သူအစ်မရဲ့ မောက် မာမှုတွေကိုမျက်မြင်တွေ့ထားလို့    စိုးရိမ်ရသည်။ သူမကတော့ ချစ်မိပြီဆိုရင် သက်ဆုံးတိုင် လက်ထပ်ဖို့အထိ ရည်ရွယ်ပြီးပဲ တွဲချင်သည်။

"ဘာတွေ အဲလောက်တောင်စဉ်းစားနေတာလဲ    မောင်ကိုလဲသတိရပါအုံး လူကိုရှေ့ထားပြီး ​တွေးနေတာပြော ဘာတွေးနေတာလဲ"

"ဘာမှ မဟုတ်ပါဘူး မောင်အကြောင်းတွေးနေတာ"

"မောင့် အကြောင်း ဟုတ်လား"

သူကိုယ်သူ လက်ညိုးပြန်ထိုးရင်း  တစ်အံတဩ ပြန်မေးလာတော့ သူမခေါင်းညိတ်ပြလိုက်သည်။

"ပြောပါအုံး မောင်အကြောင်းဘာတွေတွေးလဲဆိုတာ"

"အထွေးအထူး မဟုတ်ပါဘူး မောင်အလုပ်ကိစ္စသွားတာအဆင်ပြေလား ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲစဉ်းစားနေတာ"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now