Ep-25

7.7K 227 10
                                    

အခန်း ၂၅

မဟာ တို့ အဖွဲ့ မနက်စာ စားသောက်ပြီးတာနဲ့ 
ပြန်လာခဲ့ကြသည်။ သူမတို့ကို အရင် မမနန်းအိမ်ကို ဝင်ပို့ကြသည်။

"မဟာ  မင်းငါတို့နဲ့လိုက် မှာလား"

"ငါ စံအိမ်ကို ပဲ သွားလိုက်တော့မယ်  သူမနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးဖို့လိုပြီ ပြီးတော့ ငါလဲ သူမနဲ့လက်ထပ်ချင်ပြီ"

"အင်း မင်းတို့ ရည်စားသက်တမ်းလဲ မနည်းတော့ဘူး ပြီးတော့ မမစံလို မိန်းမကောင်းလေးကို မင်းလက်လွတ်မခံသင့့်ဘူးဆိုတော့ ငါတို့ကတော့ ဘာမှပြောစရာမရှိဘူးကွာ"

ရန်နိုင်က  သူတို့အတဲွကို  တကယ်အားကျနေတဲ့သူမို့ ပြောသည်။ခွန်ကတော့ သက်ပြင်းချကာ

"မင်းမိဘတွေကရော အထူးသဖြင့်မင်းအဘွား ကရော လက်ခံပါ့မလား သူကမင်းအစ်မရွေးချယ်တဲ့ နန်းခင်သဇင်ကိုပဲ မင်းနဲ့ လိုက်ဖက်တယ်ထင်နေတာနော်   မင်းဘက်က မင်းမမဘက် မှာ အပြည့်အဝရှိဖို့လိုတယ် မမစံလို  မိန်းမကောင်းလေးတစ်ယောက်ထိခိုက်မှာကို မလိုလားဘူး ငါအဲလိုပြောလို့ မင်းစိတ်ဆိုးနိုင်တယ် ငါမပြောလဲ မင်းအစ်မအကြောင်းသိတယ်မဟုတ်လား "

"အေးပါ ငါချစ်တဲ့သူကို ငါအထိခိုက်မခံပါဘူး   ငါဘက်ကအသေအချာ ကာကွယ်မှာ စိတ်ချ"

"အေးကွာ  သိပ်စိတ်ထဲ အလေးကြီး မထည့်ထားပါနဲ့ အဆင်ပြေသွားမှာပါ"

"အင်း"

မဟာ အခန်းထဲ ရောက်တာနဲ့ ရေချိုး အဝတ်အစားလဲကာ နယ်စပ်မှာပို့မဲ့ပစ္စည်း တွေ သေချာစေရန်  စနစ်တကျလုပ်ဖို့  ကိုသွေး  ကိုမှာနေရသည်ည်။ဟိုကောင် မုန်တိုင်းကလဲ  သတင်းအစအန ပြတ်နေသည်။သူတို့ ၃ယောက်လဲ အထူးသဖြင့် ဂရုစိုက်သွားလာနေရသည်ည်။ကြောက်လို့တော့ မဟုတ် သူတို့မိသားစုကို ဒုက္ခပေးမှာဆိုးလို့သာ ဖြစ်သည်။
အိပ်လဲ မအိပ်ချင်တာမို့   စားပဲွပေါ်က စီးကရက်ကို ထုတ်ကာသောက်လိုက်သည်။ခါတိုင်းလို ဆေးမပါလို့ အရသာပေါ့နေပေမဲ့  မောင့်အသည်းနဲ့ ချစ်သူဖြစ်ကတည်းက သူသိပ်မလုပ်ဖြစ်တော့  တန်းဖြတ်လို့ မရလို့  ဖြည်းဖြည်းချင်း  မနေနိုင်မှသာ သောက်သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Tempat cerita menjadi hidup. Temukan sekarang