Ep-8

11.6K 318 1
                                    

အခန်း၈

uni

"မမနန်း သူငယ်ချင်းတွေက အကုန်အချောတွေကြည့်ပဲနော်  မဟာမမလဲ အပစ်ပြောစရာမရှိအောင်လှတယ် သူ့အလှက  ရင်အေးစေတာ နန်းစံတယ်ဆိုတာ မဟာမမကိုပြောတာနေမှာ မမချယ်လဲလှတယ်သူကအသွက်ကိုမှ  တော်ပြီးထက်တဲ့မိန်းမပုံစံပေါက်တယ်
မမနန်း လဲလှတာပဲ   မမတို့က အဆင်းရောအချင်းပါပြည့်စုံတဲ့ မိန်းကလေးတွေဆိုတော့  ဝိုင်းဝိုင်းလည်နေမှာပဲ"

ရန်နိုင်က အားရပါးရ ချီးမွမ်းခန်းဖွင့်နေပေမဲ့
မဟာကတော့ ငြိမ်နေတာမို့

"မဟာဘာတွေ စဉ္းစားနေတာလဲ "

ရန်နိုင်ပြောမှ ခွန်လဲကားမောင်းရင်းကနေ လှမ်းကြည့်မိသည်။

"ငါတွေးနေတာက မမက နိုင်ငံခြားကိုပညာတော်သင်သွားမှာဆိုတော့ မမဟိုကိုသွားမှာကိုငါစိတ်မချဘူး  ငါ့အတွက် အချစ်လား ဆိုတာမသေချာပေမဲ့ ငါ့ဘဝမှာ အနားမှာမခွဲအတူနေချင်မိတဲ့ မိန်းကလေးဟာမမပဲ"

"ငါ့အထင် ပြောရရင် မဟာမင်းဘက်ကမင်းမမစံကို  ချစ်နေတာ အဲဒါကြောင့် မင်းအချိန်မဆဲွပဲ  မမစံအချစ်ကိုရအောင်တောင်းခံသင့့်တယ်  မမစံနဲ့မင်း ချစ်သူတွေဖြစ်မှ  မမစံပညာတော်သင်သွားမယ့် ကိစ္စကို စဉ္းစားကြတာပေါ့ "

"ဟုတိတယ်မ ဟာ  ရန်နိုင်ပြောသလိုပဲ မင်းမမကိုသာ အရင်မင်းဆိုင်အောင်လုပ်လိုက်အုံး ဆိုင်ပြီးမှ  မင်းပိုင်အောင်လုပ်သင့့်တယ်"

"အေးပါ  စိတ်ချမမကငါ့အပိုင်ဖြစ်ရမယ်"

စကားပြောရင်း သူတို့နေထိုင်ရာ အိမ်သို့ပြန်လာခဲ့သည်။အိမ်ကို ပုံမှန်မပြန်ဖြစ်တဲ့သူတို့သုံးယောက် စပ်တူအိမ်လေးဝယ်ထားသည်။မိသားစု အရှုပ်ဇယားတွေနဲ့ ကင်းလွတ်ချင်  တာမို့  ၃ယောက်သားအတူနေတာ ၁၀ တန်းပြီးကတည်းကပင်။မဟာ အခန်းထဲရောက်တော့   ကြာရိုးစီ ဖုန်းဆက်လိုက်သည်။မနက် မမနန်းတို့နဲ့တောင်ချွန်းလိုက်ခဲ့ဖို့ခေါ်တာကို တစ်ချက်တောင်မငြင်းဘဲ ဝမ်းသာအားရ လိုက်ချင်နေသည်။သူလဲ ရေချိုးပြီး  အိပ်ရာထက်က်လှဲကာ မမရဲ့မျက်နှာလေးကို မြင်ယောင်ကာ မနက်အတွက်ရင်ခုန်ရင်း အိပ်စက်ခြင်းစီသို့

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now