Ep-21

9.1K 241 7
                                    

အခန်း၂၁

မောင်နောက်ကနေ မောင်ခါးကိုဖက်ပြီး လိုက်ရတဲ့ အရသာဟာ ဘာနဲ့မှမတူပေ။ချစ်မိတော့လဲ  အမြဲတွေ့ချင်  ယုယခံချင်မိတာပင်။ခုတော့   တစ်နှစ်နေလို့  ၂ခါ၃ခါ  တွေ့ရတဲ့ မောင်ကိုအတိုးချအလွမ်းဖြေ ရမည်။မောင်စီက  ကိုယ်သင်းရနံ့လေးကို  ရှုရှိုက်ရင်း  တစ်ချက်တစ်ချက် မောင်ခါးကို ဖက်ထားတဲ့လက်ကိုမောင်က ထပ်ကာအုပ်ကိုင်လိုက်သေးသည်။မောင်ဆိုင်ကို ရောက်တဲ့ဒုတိယအကြိမ်မှာ သူမဟာမောင်ချစ်သူအဖြစ်နဲ့ မောင်လက်ကိုတွဲကာ ဆိုင်ထဲဝင်တော့  ဝန်ထမ်းတွေနဲ့  ဧည်သည်တွေက  သူမတို့နှစ်ယောက်ကို  ကြည့်နေတာကြောင့် မောင်တဲွထားတဲ့လက်ကို  ရုန်းတော့ မောင်က မလွှတ်ပေးပဲ  အတင်းဆဲွထားသည်။

မဟာ  သူမလက်ကိုဆွဲကိုင်ပြီး သူမကို သူ့အပိုင်ဖြစ်ကြောင်း သူပတ်ဝန်းကျင်မှာ ကြေညာ ချင်တာသူဆန္ဒတစ်ခုဖြစ်သည်။ခုလို  သူတို့နှစ်ယောက် အကြောင်းကို  လူတိုင်းသိအောင်  လက်ထပ်ပြီး ဒီထက် မကအောင်ကို ကြေညာပစ်ချင်သည်။သူမပြန်လာတာနဲ့ လက်ထပ်ဖို့ စိတ်ကူးထားတဲ့သူဆန္ဒတစ်ခုကို ထပ်ပြီး အကောင်အထည်ဖော်ရပါအုံးမည်။အထူး ဝိုင်းမှာထိုင်လိုက်ပြီး   လိုအပ်တာတွေနဲ့ ဟင်းပွဲတွေကိုဝန်ထမ်းတွေကို အမြန်လုပ်ပေးဖို့ မှာလိုက်သည်။

"မောင့်အသည်း ဗိုက်ဆာပြီလား"

"မဆာသေးဘူး  စောတောင်နေသေးတာ မောင်ရဲ့"

"ဟဲ့စံ နင်မဆာပေမဲ့ ငါတို့ကဆာနေပြီ ဟုတ်တယ်နော်နန်း"

"အေး ဟုတ်တယ်"

စံ  ကန်တင်းမှာ စားသောက်ပြီးလာတဲ့သူမဟုတ်သလိုဆာနေပြီပြောနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို   အံဩမိသည်။ဆန့်နိုင်လွန်းတဲ့ ဗိုက်တွေ  အလကားဆို ပါဆယ်ပါပေးရင် ယူမဲ့ရုပ်တွေ။

"မဟာ မမစံမဆာသေးရင်  ဆိုင်ထဲလိုက်ပြလိုက်ပါလား"

ခွန်က  သူ့သူငယ်ချင်း မမစံနဲ့အလွမ်းသယ်ချင်နေမှန်းသိတော့  ပြောရှာသည်။ရန်နိုင်ကလဲ

"ဟုတ်တယ် မဟာ မမစံကို  လိုက်ပြလိုက်ပါအုံး မင်းဆိုင်ဘယ်လောက်လှလဲဆိုတာ"

မောင့်ရင်မှာ အမြင့်စံ(completed)जहाँ कहानियाँ रहती हैं। अभी खोजें