Ep-6

12K 339 0
                                    

အခန်း၆

စံတစ်ယောက် လေးလံနေသော မျက်လုံးကိုဖွင့်ပြီး အိပ်ရာပေါ်မှထထိုင်လိုက်ရင်း မူးနောက်နေသော ခေါင်းကိုဖိထားမိသည်။စောစောစီးစီး လေချင်တက်တော့ ချဉ္ စုပ်အနံကြောင့်  အန်ချင်စိတ်တောင် ပေါက်လာသည်။အဝတ်အစားတွေချွတ်ကာ ရေချိုးခန်းထဲ ဝင်ပြီးရေချိုးလိုက်ပြီး  အောက်ထပ်သို့ ဆင်းလာလိုက်တော့ နန်းအမေက မနက်စာစားနေရင်း

"သမီးစံ လာလေ မနက်စာစားရအောင် သမီးက တို့ဖူးနွေးကြိုက်တယ်မလား အန်တီထည့့်ပေးမယ် "

"ဟုတ် အန်တီ"

သူမ စားပွဲမှာဝင်ထိုင်လိုက်သည်။

"စား သမီး သမီးသူငယ်ချင်းတွေကတော့ ခုထိမဆင်းလာသေးဘူး "

"ဟုတ်လား သမီးပြီးရင်သွားနိုးလိုက်မယ်"

"အေးအေး သမီး "

ခနနေတော့ လှေကားက စကားတစ်ပြောပြောနဲ့ဝင်လာသော သူငယ်ချင်းမတွေကို သူမပြုံးပြတော့ နှစ်ယောက်သားစီက မျက်စောင်းသာပြန်ရလိုက်သည်။ဟဘာတုန်း
ဘာအမှားလုပ်ထားလို့ နဂါးမျက်စောင်းနဲ့ထိုးတာတုန်း

"မယ်မင်းကြီးမ သူကအေးဆေးမနက်စာတောင်စားနေပြီကို"

ချယ်ကပြောတော့ နန်းကပါ

"ဟုတ်ပ  ညကသူမဟုတ်တဲ့အတိုင်း ငါကမထနိုင်ဘူးထင်တာ သူကအေးဆေးဟ"

"ဟဲ့ နင်တို့တွေကလဲ ဘာတွေပြောနေတာလဲ ငါကိုရှင်းပြပါအုံး"

"အေး စားပြီးရင်ပြောမယ် စားလိုက်အုံး
မေးစရာတွေရှိသေးတယ်"

တစ်ယောက်နဲ့မျက်စပစ်နေသော သူငယ်ချင်းမနှစ်ယောက်ကိုကအူလည်လည်သာကြည့်နေမိတော့သည်။

"ကဲလာ အစ်မတော်"

"ညက ကိစ္စလေးမေးချင်လို့ပါ"

"မေးသာမေးရတာ မှတ်တောင်မှတ်မိရဲ့လားမသိဘူး"

သူမအခန်းထဲသို့ သုံးယောက်သား ဝင်ပြီး မထိုင်ရသေးခင် မေးခွန်းများ ဆက်တိုက်မေးလာသည်။

"နေပါအုံး နင်တို့ဘာကိစ္စမေးနေတာလဲ ငါနားမလည်လို့ ရှင်းပြကြပါအုံး "

မောင့်ရင်မှာ အမြင့်စံ(completed)Hikayelerin yaşadığı yer. Şimdi keşfedin