Ep-2

15.4K 389 5
                                    

မဟာ ဆိုင်ကယ်ကို ခြံထဲသို့မောင်းလာရင်း  
တစ်ခါထဲ သူ့ကားနှင့်ဆိုင်ကယ်ဂိုထောင်ထဲသို့ဆိုင်ကယ်ကို သွင်းလိုက်ကာ    အိမ်မကြီးထဲသို့ ဝင်လာလိုက်သည်။

"သခင်လေး မဟာအိမ်ပြန်လာတာလား   မယ်မယ်ကြီးကမြော််နေတာ  ဟဲ့စောနွယ်
မယ်မယ်ကြီးကို သတင်းသွားပို့ သခင်လေးမဟာပြန်လာတယ်လို့"

"ဟုတ်ကဲ့ အထိန်းတော်ကြီး"

မဟာ သူပြန်လာတာကို  အရေးကြီးခွင်ကျယ်လုပ်နေသော  အထိန်းတော်ကြီး နန်းမြကြောင့်    စိတ်ပျက်ရင်း သူ့အခန်းသို့တက်လာလိုက်သည်။

ဒေါ်နန်းမဟာထိပ် ဘုရားရှစ်ခိုးပြီး  အခန်းထဲသို့ သွားနေစဉ္ 

"မယ်မယ်ကြီး သခင်လေးမဟာ   ပြန်ရောက်နေပါတယ်ရှင့်"

သူမကို သူမမြေးပြန်လာကြောင်း  လာပြောသောစောနွယ်ကြောင့့်   မျက်နှာပြုံးရွှင်ကာ
သူမမြေးအခန်းထဲသို့  သွားရန်ခြေလှမ်းကိုဉီးတည်ချက်ပြောင်းလိုက်သည်။

ဒေါက်  ဒေါက်  ဒေါက်

"ဝင်ခဲ့ပါ"

အိပ်ရာပေါ်ကနေ  တံခါးခေါက်သံကြောင့်
သူဝင်လည ခိုင်းလိုက်တော့ ဘွားမယ်ဖြစ်နေသည်။ဘွားမယ်အား  ခုတင်ဘေးနားက ဆိုဖာမှာထိုင်ခိုင်းကာ သူပါဝင်ထိုင်တော့ ဘွားမယ်က သူလက်ကို ဆွဲကိုင်သည်။

"ဘွား မြေးကို  ဘွားကမျှော်နေတာ  မြေးကဒီအဘွားကြီးမျှော်တက်မှန်းသိလျက်နဲ့  ပြန်မလာဘူးကွယ်"

"ကျနော်  မအားလို့ပါဘွား  "

"အေးပါကွယ် မြေးကကျောင်းတက်နေရတော့  ဘယ်အားပါ့မလဲ"

"ဟုတ်ကဲ့"

"ကဲ သားနားနေတာမလား  နားလိုက်တော့ ညနေထမင်းစားချိန်ကျ စောမြကို လာခေါ်ခိုင်းလိုက် မယ်"

သူကိုပြောကာ  ဘွားမယ်ကထွက်သွားတာကြောင့် ကုတင်ပေါ်ပြန်တက်ကာ  ခေါင်းနောက်နေတာကြောင့် အိပ်လိုက်သည်။

ထမင်းစားခန်းထဲ တွင်     မိသားစုစုံညီစွာ
ထမင်းစားဖို့  ထိုင်နေကြသည်။လူတွေစုံနေပေမဲ့  စားလို့ ဘွားမယ်ကမပြောသေးတာကြောင့် ဘယ်သူမှမစားားသေးပေ။

မောင့်ရင်မှာ အမြင့်စံ(completed)Onde as histórias ganham vida. Descobre agora