Ep-29

8.9K 223 7
                                    

အခန်း၂၉

အခန်း ၂၉

"အင်း"

စံ တစ်ယောက်အိပ်ရာနိုးချင်း  မောင်ဖက်ထားတာကြောင့်မွန်းကြပ်နေရာမှ   လှုပ်ကြည့်တော့ မောင်က သူမအား ပိုတင်းကြပ်စွာ ထွေးပွေ့ထားပြီး သူမအား ငုံကြည့်ကာ

"ခနလောက် ပြန်အိပ်အုံး မောင်အသည်း"

"ဟင်အင်း  မအိပ်ချင်တော့ဘူး ထတော့မယ်"

"ကဲ သဘောဗျာ"

မောင်လွှတ်ပေးတာနဲ့  သူမလဲ အိပ်ရာမှ ထလိုက်သည်။ကုတင်အောက်သို့ ဆင်းဖို့ခြေထောက်မြှောက်လိုက်စဉ် သူမအောက်ပိုင်းမှ နာကျင်မှုကြောင့် သူမ အသံလေးပင် ထွက်သွားသည်။

"အား "

သူမ အော်လိုက်တော့ မောင်က ထလာပြီး

"ဘာဖြစ်လို့လဲ မောင်အသည်း  ဘယ်နာ နာနေလို့လဲဟင်  ပြောပါအုံး"

သူမလဲ မောင်အမေးကြောင့့်  ခေါင်းလေးငုတ်ပြီး အရှက်သည်းစွာ

"ဟို  နားက နာတာ"

"ဟင် ဟုတ်လား အရမ်းနာနေရင် မောင်ဆရာဝန်ခေါ်လိုက်ရမလား"

"ဟို ရပါတယ်မောင်ရဲ့ မိန်းကလေးတွေရဲ့ ပထမဆုံးအချိန်မို့ နာတာပါ သူဘာသူ သက်သာသွားလိမ့်မယ် ပြီးရင် အကိုက်အခဲပျောက်ဆေးထပ်သောက်ရင်ရတယ်"

"မင်းက ဆရာဝန်ပဲ မောင်လဲစိတ်ပူလွန်ပြီး ဘာတွေပြောနေမိမှန်းမသိတော့ဘူး  အရမ်းနာနေသေးလားမောင့်အသည်း  ဆောရီး မောင်ဆန္ဒတစ်ခုကြောင့် မင်းနာကျင်နေရတော့ မောင်စိတ်မကောင်းဘူး"

သူမလက်လေးအား မောင်လက်နှစ်ဖက်နဲ့ ထွေးဆုပ်ပြီး  မောင်ကစိတ်မကောင်းတဲ့မျက်နှာလေးနဲ့ပြောလာသည်။

"မောင်ကလဲ   ပထမဆုံးမို့ နာတာပါ မောင်အပစ် မဟုတ်ဘူး အဲလိုတွေမတွေးနဲ့နော်"

"အဲဒါဆို ပထမဆုံးမို့ နာတာပေါ့နော် နောက်အကြိမ်တွေဆို မောင်အသည်း မနာတော့ဘူးမလား"

"အင်း"

မောင်မသိသေးတဲ့  လိင်မှုသဘာဝကို ဆရာဝန်တစ်ယောက်က ပညာပေးပြောသလို ရှင်းပြမှ မောင်ကနားလည်စွာ ခေါင်းလေးညိတ်ကာ ပြုံးသည်။သူမလဲ မောင်ပြုံးမှ ရှက်စိတ်ဝင်လာမိသည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now