အခန်း ၅
" ညနေဘက် လေလေးတဟူးဟူးနဲ့ ဝိုင်လေးနဲ့ကတော့ မိုက်နေပြီ ရာသီဉတုကအေးနေချိန် သောက်ရင် ကောင်းနေမှာပဲ"
"အေးပါ အရက်သမား မမချယ်ရယ် ငါမပြောသေးဘူး ကိုယ်တိုင်သာ အရသာခံကြည့်လိုက်တော့ ငါဆို မန္တလေး မပြန်တာပဲကြည့် ဒီမှာကနေလို့ကောင်းတယ်"
"ငါကိုသာ အရက်သမားတဲ့ နင်ကမှ တကယ်ဂျိုး သိလား "
" တော်ပါတော့ အတူတူပဲကို ငထင်မှာစရာရှိတာမှာလိုက်တော့ အပြန်နောက်ကျနေမှာစိုးလို့"
"အေး "
ငထင်က ဝိတ်တာလေးကို မှာစရာရှိတာမှာပြီး စောင့်နေစဉ္ သူမတို့သုံးယောက်က လှပတဲ့ နေဝင်ချိန်ကို နောက်ခံထားကာ ပုံရိုက်ကြသည် ။ငထင်ကတော့ ကင်မရာကို လုံးလုံးဖြစ်တော့သည်။မှာထားတဲ့ အကင်တွေ ရောက်လာတော့ အကင်စားရင်း အသီးအရသာ တစ်မျိုးစီမှာထားသော ဝိုင်လေးနဲ့မြည်းကာ စားသောက်ရင်း စကားလေးများပြောနေကြသည်။
"အပြင်မှာ ချမ်းလာပြီ အထဲက ဘားကောင်တာမှာ ကော့တေး သွားသောက်ရအောင်"
"အေးသွားမယ်"
ငထင်ရဲ့ ဉီးဆောင်မှာနောက်ကို သူမတို့လိုက်လာကြသည်။ဝိုင်သောက်နေကြဖြစ်တဲ့သူမတို့အတွက်ကတော့ ဝိုင်ကမမူးပေ။သူမတို့ သုံးယောက်လုံးက ခံနိုင်ရည်မြင့်တဲ့ထဲမှာပါသည်။မန္တလေးမှာ ဆရာဝန်ဆိုတဲ့ ဂုဏ်ကြောင့် bar မှာမထိုင်ဖြစ်ပဲ ။အိမ်မှာသာ
သူငယ်ချင်း၃ ယောက်တစ်ခါတစ်လေ စုသောက်တာကလွှဲလို့ ဒီလို စိတ်လွတ်လပ်စွာ
သောက်ဖို့က ခက်တာမို့ သူမတို့ စိတ်ကြိုက်သောက်နေချင်းဖြစ်သည်။ ကောင်တာမှာ ထိုင်ရင်း ငထင်ကမှာပေးတာကိုတာ သောက်နေမိသည်။english သီချင်းကို တိုးတိုးလေးဖွင့်ကာ မီးကိုလဲ အလင်းရောင်နည်းနည်းလေးထွန်းထားတာမို့ ခံစားချက်က အလွမ်းသမားလေးလို ဘယ်သူကိုလွမ်းရမယ်တောင်မသိတော့ပြီ ။လူငယ် လူလတ်တွေပါ ရှိသည့့်အပြင် အကုန်လုံးက ကိုယ်ခံစားချက်ကိုယ်သာ။စံတစ်ယောက် သူမtoilet သွားချင်လာတာမို့ နန်းကိုလက်ကုပ်ကာ ပြောလိုက်သည်။
YOU ARE READING
မောင့်ရင်မှာ အမြင့်စံ(completed)
Romanceအရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့