Ep-16

9.8K 256 4
                                    

အခန်း၁၆

"အင်း  အရမ်းချစ်တယ်မောင့်အသည်း ကျန်းမာရေးဂရုစိုက်နော်"

ဖုန်းနဲ့အလွမ်းသယ်ကာ ဖုန်းလေးချယုံရှိသေး
စောင့်နေသော ဟိုနှစ်ကောင်က

"ကဲ မောင်ရယ် အလုပ်ကိစ္စလေးလုပ်ဖို့ သွားရအောင်နော် မောင်ပဲကျန်တော့တယ်သိလား"

"အဟွန့်"

ရန်နိုင်ရဲ့ အခြောက်သံကြီးကြောင့် ခွန်ကထရယ်သည်။သူလဲရယ်လိုက်တာ

"အေးပါ စောရယ် မောင်တို့သွားရအောင်"

"အော့ ရွံတာ"

"ဟား ဟား "

သုံးယောက်သား အတူထွက်လာပြီး ကား​ပေါ်တက်ကာ မူဆယ်သို့ ပစ္စည်းအရောင်းအဝယ်လုပ်ရန်ထွက်လာခဲ့သည်။ခါတိုင်း သူတို့လူယုံတွေသာ  အရောင်းအဝယ်လုပ်ယုံဖြစ်ပြီး  သူတို့ကတော့ နောက်ကနေအမိန့်ပေးယုံသာ။ဟိုတစ်ခါ  မုန်တိုင်းဆိုတဲ့ သူခိုးကြောင့် သူတို့ပစ္စည်းတွေပါသွားယုံသာမက  သူလူတွေပါထိခိုက်ရတာမို့ ဒီတစ်ခါအဲ့ကောင်ကို သူတို့ကိုယ်တိုင်သင်ခန်းစာပေးရမည်လေ။တဖြေးဖြေးနဲ့ မူဆယ်နယ်မြေထဲ ဝင်လာတာနဲ့ 
စိတ်တွေ ပိုကြွလာတော့သည်။သူတို့ အဖဲွဲွတွေရှိရာကိုရောက်တော့ အသင့့်စောင့်နေသော အဖဲွ့ဲွ့သားများနှင့်အဖဲွဲွခေါင်းဆောင်သွေးနီက  သူတို့ကားပေါ်ကဆင်းတာနဲ့

"သခင်လေးတို့ လာမယ်ဆိုတာနဲ့ စောင့်နေတာ ဒီကောင်တွေလဲ အရင်မစ်ရှင်တွေထက်ပိုတက်ကြွနေတာ"

"ကိုသွေးနီကတော့ ပြောရော့မယ်ကျနော်တို့က အဲလောက်လဲမဟုတ်ပါဘူး "

"ဘယ်ကသာ သခင်လေးတို့ လက်စကိုိ ကျနော်အပါအဝင် ဒီကကောင်တွေတစ်ယောက်မှ မယှဉ္နို်င်ပါဘူးဗျာ  ကဲသခင်လေးတို့အတွက် အနားယူဖို့ အခန်းပြင်ထားတယ်  ကျနော်နောက်လိုက်ခဲ့ပါ"

အခန်းထဲရောက် ရေချိုးပြီးတာနဲ့ သူတို့နဲ့ကိုသွေးနီက မနက်ဖြန်အစီအစဉ္ကိုဆွေးနွေးကြသည်။

"ကိုသွေး ကျနော်ပြောခိုင်းတဲ့ အတိုင်းသတင်း​ပေးကို  သေချာပြောရဲ့လား"

"ဟုတ် ပြောခိုင်းထားပါတယ် ဒီကောင်ဝယ်နေကျ သတင်းပေးကို ကျနော်တို့အရောင်းအဝယ်ကိစ္စပြောခိုင်းဖို့ပြောထားတယ် သေချာအောင်လို့ဒီကောင်နဲ့သတင်းပေးနား လူထားပြီး ကျနော်တို့ပြောခိုင်းတဲ့အတိုင်း  ပြောထားလားဆိုတာ စောင့်ကြည့်ခိုင်းပြီ တိကျမှ သခင်လေးတို့ကိုအကြောင်းကြားလိုက်တာပါ"

မောင့်ရင်မှာ အမြင့်စံ(completed)حيث تعيش القصص. اكتشف الآن