Ep-7

12K 330 0
                                    

အခန်း၇
Un

"ဟေ့ကောင်  မင်းရဲ့မမက အိမ်မှာရောရှိရဲ့လား  ငါတို့စောင့်နေတာ ၁နာရီကျော်နေပြီဟ"

"အေးကွာ မင်းမမကို ဓာတ်ပုံခိုးရိုက်ပြီးမှ ငါကမန္တလေးက ငါလူတွေစီစုံစမ်းခိုင်းရမှာ
မင်းမမနန်းမိဘတွေနဲ့သိတာပဲကို အထဲမသိမသာစုံစမ်းကြည့့်ပါလား"

"အဲအကြံမစိုးဘူး လာမင်းတို့ပါလိုက်ခဲ့"

"အေးပါ ငါသူငယ်ချင်းရေခဲတုံးကောင်မလေးရဖို့အတွက်ငါတို့ ဖြည့်ဆည်းရမှာပေါ့ လာမဟာမင်းရှေ့ကသွား"

ရန်နိူင်တစ်ယောက် ပြောပြီးတာနဲ့သူကိုတွန်းလွှတ်ကာ ရှေ့ကနေသွားဆိုတဲ့ပုံစံကို  မေးငေါ့ပြသည်။သူလဲ ခြံရှေ့သွားကာ ဘဲတီးလိုက်တော့ ခြံစောင်ဉီးလေးထွက်လာကာ တံခါးဖွင့်သည်။

"သခင်လေးမဟာပါလား  "

"ဟုတ်ဉီးလေး  အန်တီရှိတယ်မလား"

"မမကြီးရှိတယ်  သခင်လေးကြွပါ"

သုံးယောက်သား ခပ်တည်တည်ဝင်လာလိုက်သည်။အိမ်ထဲရောက်တော့ အန်တီက

"ဟော် မဟာသားတို့ပါလား  ထိုင်ပါအုံး"

"ဟုတ် အန်တီ မမနန်းပြန်ရောက်နေတာ  ဒီကောင်တွေတွေ့ချင်လို့လာတာပါခင်ဗျ"

"ဟုတ်တယ် အန်တီရေမမနန်းရော"

"သမီးက မနက်ကတည်းက အပြင်ထွက်သွားတာသားရဲ့  သူ့သူငယ်ချင်းတွေလဲပါတော့ တောင်ကြီးမြို့ကိုလိုက်ပြနေတော့ သားတို့နဲ့မတွေဖြစ်တာပဲနေမယ် သူကမင်းတို့နဲ့ကြာရိုးကို တွေ့ချင်နေတာ သားတို့တစ်ခုခုစားသွားကြအုံးလေ  ခနနော်"

"ဟုတ်အန်တီ  "

ငယ်ငယ်တည်းက စားအိမ်သောက်အိမ်မို့ အားမနာာပဲ ထိုင်စောင့့်နေကြသည်။သူတို့သုံးယောက်က ငယ်ငယ်ကတည်းက အစပ်မစားားဘဲ အချိုကြိုက်သည်။သရေစာ မြန်မာမုန့် အချိုအဆိမ့် အရမ်းကြိုက် အစပ်ဆိုရင်တော့  နည်းနည်းလေးမှမစားနိူင်ပေ။

"ရော့ မင်းတို့မမပါလာတဲ့ မန္တလေးထိုးမုန်  ကော်ဖီလဲသောက် ပြန်ရင်ထိုးမုန့်တစ်ယောက်တစ်ဘူးယူသွားကြ"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now