Ep-10

11.8K 324 6
                                    

အခန်း ၁၀

"ဟူး  ဘုတ်"

အိတ်ကိုပစ်ချပြီး အိပ်ရာပေါ်လှဲလျောင်းကာ
နားလိုက်သည်။မန္တလေးကိုပြန်ရောက်တာမို့
စိတ်အေးရသည်။သူလဲအလုပ်ကိစ္စကြောင့် ခရီးသွားနေတာမို့   သူမပြန်သွားတာကိုမသိလောက်ပေ။မန္တလေးလိပ်စာလဲမသိတာမို့
ကိုယ်မြို့မှာတော့ သူလိုက်လာလဲသူမရှောင်လို့ရနိုင်သည်။ကောင်လေးကို ရင်ခုန်မိပေမဲ့
ခုမြင်ခုကြိုက် ကိုယ်ကိုစိတ်ကစားနေတာလားမသိနိုင်ပေ။သူမ နှလုံးသားအလိုကိုမလိုက်နိုင်သေးပေ။သူမမှာရည်မှန်းချက်တွေ ရှိသေးသည်။သူနဲ့ပတ်သက်သော အတွေးတွေကိုဖျောက်ကာ ရေချိုးပြင်ဆင်ပြီအောက်ထပ်ဆင်းလာလိုက်သည်။

ထမင်းစားခန်းထဲ ဝင်လိုက်တော့  အဘွားနဲ့ဉီးလေးလင်မယား ကထမင်းဝိုင်းမှာ ရောက်နေသည်။

"ထိုင် မြေး ဟိုမှာပျော်ခဲ့ရဲ့လား   နန်းမိဘတွေရော နေကောင်းကြလား "

"ကောင်းတယ်ဘွားရဲ့ ဘွားလိုက်မလာလို့တောင် အန်တီကပြောနေတာ  "

"သမီးပြောတော့ တစ်လနေမှာဆို ခုဘယ်လိုဖြစ်လို့စောပြန်လာတာလဲ"

အန်တီ သူဇာကမေးနေတာမို့  စိတ်ထဲမလုံမလဲတောင်ဖြစ်သွားသည်။

"သမီး သွားဖို့ပြင်ဆင်ရမှာတွေများလို့ ပြန်လာတာပါအန်တီ"

"အန်တီ  နားတဲ့အချိန် သမီးကိုအဝတ်အစားနဲ့ လိုအပ်တာတွေ  လိုက်ဝယ်ပေးအုံးမယ်"

"အန်တီ သမီးမှာရှိပါတယ် မဝယ်ပေးပါနဲ့"

"ကဲသမီး ငြင်းမနေနဲ့ အန်ကယ်တို့မှာ သမီးတစ်ယောက်ထဲရှိတာ သမီးအန်တီနဲ့တူအရီးနှစ်ယောက် shopping အတူသွားကြဟုတ်ပြီလား"

သူမရဲ့အန်ကယ် ဖြစ်သူဉီးအောင်မြင့်ထွန်း ကိုယ်တိုင်က ပြောနေတာမို့ လက်ခံလိုက်ရသည်။သူမတို့  မျိုးရိုးသည် ဆရာဝန်မျိုးရိုးလို့ ပြောရအောင် အဘိုးဖြစ်သူက ဆရာဝန်
မွေးထားတဲ့ သူမအဖေနဲ့အန်ကယ်ကလဲ ဆရာဝန်ပင်   သူမအဖေနဲ့အမေက သူမငယ်ငယ်မှာ ကားအက်စီးဒင့် ကြောင့် ဆုံးသွားတော့ အဘွားနဲ့  အန်ကယ်တို့ကသာ သူမကို
ပျိုးထောင်ပေးခဲ့တာဖြစ်သည်။သားသမီးမရှိတဲ့ အန်ကယ်တို့မှာ သူမကိုသာ သမီးအရင်းလို စောင့်ရှောက်ခဲ့ကြသည်။အဖေနဲ့ အမေ မရှိတော့ လို့  သိမ်ငယ်မှုမရှိအောင် မေတ္တာတွေပေးကြသည်။ဒါ့ကြောင့် သူမဘယ်တော့မှ   သူမကိုချစ်တဲ့သူတွေ  သိက္ခာမကျအောင်
အပြစ်ကင်းအောင် နေခဲ့သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now