Ep-4

12.6K 355 3
                                    

အခန်း၄

"နန်း  ကောင်လေးကချောတယ်နော် အဆင်လေးဟဲ့  ငါ့ကိုချိတ်ပေးပါလား"

အဆင်ဆို ငမ်းလိုက်ရမှဖြစ်သော ချယ်ကပြောလိုက်တာမို့ နန်းမျက်စောင်းထိုးလိုက်သည်။ဘေးနားက စံကတော့ လိမ္မော်သီးကို စားနေရင်း နားထောင်နေသည်။လမ်းလျှောက်ပြီး ခြံထဲမှာ ထိုင်နေတာ ဖြစ်သည်။

"သွားမလုပ်ပါနဲ့ဟယ် ဟိုကစော်ဘွားမျိုး သူအဘွားကငယ်ငယ်တုန်းက ငါနဲ့ဆော့တာတောင် အဆင့့်အတန်းမတူလို့မဆော့ရဘူးတောင် သူမြေးတွေကိုငါ့နားနဲ့ကြားဖူးတယ်
မလွယ်ပါဘူးဟယ် ချယ်ရယ်နင်ကြိုက်ရင်
ခေါင်းခေါက်ရွေးစမ်းပါ ဟာ"

"အဲလောက်တောင်လား ကြီးကျယ်လိုက်တာ"

"ကြီးကျယ်တာတင်မဟုတ်ဘူး လူတွေကိုလူလို့တောင်ထင်တာမဟုတ်ဘူး သူ့မြေးတွေကိုဘယ်သူနဲ့မှတန်တယ်မထင်တာ အထူးသဖြင့်
ခွန်မင်းမဟာမြတ်ကို ပိုတယ် သူကဆက်ခံံသူလေ မဟာတို့ကအဖေတူအမေကဲွ မောင်နှမလေးယောက်ရှိတယ်  အကြီးဆုံးခွန်မင်းမြတ်သူက  အေးတယ် မဟာနဲ့အမေမတူဘူး  မဟာအမေက ပထမဇနီးလေ မဆင်းရဲပေမဲ့ မဟာအမေက မျိုးရိုးနိမ့်တော့ အဘွားကြီးကသဘောမတူဘူးဆိုပြီး  သူသဘောကျတဲ့ အန်တီနန်းဝေစီနဲ့ပေးစားလိုက်တာလေ
ဒုတိယက နန်းစံထိပ်ထား သူကတော့ သူ့အဘွားအတိုင်းပဲ မောက် မာတယ်  ဒါပေမဲ့သူမောင်မဟာကိုတော့ အရမ်းချစ်တာနော် တတိယကမဟာ အငယ်ဆုံးလေးက နန်းကြာရိုးနွယ် စိတ်ထားကောင်းတဲ့ကလေးပေါ့ မဟာနဲ့ကြာရိုးက ငါ့နဲ့ဆော့ဖော်ဆော့ဖက်လေ "

"​ေဩာ် သူတို့မိသားစုက  ရှုပ်တယ်နော်"

ငြိမ်နေတဲ့ စံကဝင်ပြောသည်။

"အေးပေါ့ အဲဒါကြောင့် ငါ့သူငယ်ချင်းတွေနဲ့မဖြစ်စေချင်တာပေါ့ မဟာကမခွဲခြားတက်ပေမဲ့သူအဘွားနဲ့အစ်မက ဒါရှိမှလူရာသွင်းတာ"

နန်းကပြောနေရင်း  လက်ညိုးနဲ့လက်မဝိုင်းကာ ပြောလေသည်။စံကတော ့နဂိုကတည်းကအနေအေးသူမို့   သိပ်စိတ်မဝင်စားသလို ကိုယ်နဲ့လဲမသက်ဆိုင်တာမို့
နားပဲထောင်နေမိသည်။

"စကားကောင်းနေတာနဲ့  ငါကိုငထင်ညကဖုန်းဆက်တယ်  ငါတို့တောင်ကြီးရောက်တာမပြောလို့တဲ့  ညနေသူဆေးရုံးdutyပြီးရင်လာခဲ့မယ်တဲ့  ညစာကိုသူကျွေးချင်ပါသတဲ့ရှင်"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now