အခန်း၃၈ (ဇာတ်သိမ်း)
မဟာ အိပ်ရာကနိုးလာတာနဲ့ သူဘေးနားက သူမလေးအား စမ်းကြည့်တော့ သူမလေးက မရှိတာမို့ သူဆက်မအိပ်တော့ပဲ ထလိုက်ပြီး ဘောင်းဘီတစ်ထည်ကောက်ဝတ်ကာ သူမလေးကို ရှာဖို့ အောက်ထပ်ဆင်းလာခဲ့သည်။
"မောင်အသည်း မိန်းမရေ"
"ဒီမှာ မောင်"
ထမင်းစားခန်းထဲက သူမ အသံကြောင့် သူသွားလိုက်တော့ သူမလေးက မနက်စာပြင်နေတာကြောင့် သူမအနားသွားပြီး နောက်ကနေခါးလေးကို ပွေ့ဖက်လိုက်သည်။
"အိပ်ရာအတူထပါမယ်ဆိုမှ မင်းကမရှိဘူး"
"၉နာရီ ထိုးနေပြီ မောင်ရဲ့ အချိန်မစောတော့ဘူး ပြီးတော့စံလဲနောက် ကျတဲ့အထိမအိပ်တက်ဘူး အဲဒါနဲ့ မောင့်အတွက် မနက်စာ ပြင်ဖို့ထလာလိုက်တာ"
"ဒါနဲ့မောင့်အသည်း ညကပင်ပန်းထားတာအဆင်ပြေရဲ့လား တစ်ခုခုနာ"
"တော်"
စံ အရှက် မရှိ သူမအားမေးနေတဲ့မောင်ကို မျက်နှာချင်းဆိုင်လှည့်ကာ ပါးစပ်ကို လက်ဖဝါးနဲ့ ပိတ်ထားရသည်။ဟုတ်သည်လေ မဟုတ်ရင် မောင်ကအရှက် မရှိသူမအား စနေအုံးမှာမလား။
မဟာလဲ လှည့်လာတဲ့ သူမမျက်နှာလေးအား အလွတ်မပေးပဲ နမ်းလိုက်သည်။
" ရွတ်စ်"
"မောင် အင်္ကျီလဲမဝတ်ထားဘူး "
"အင်း မျက်နှာတောင်မသစ်ရသေးဘူး မိန်းမပျောက်လို့ လိုက်ရှာနေရတာနဲ့"
"အဲဒါဆိုလဲ ခုသွားပြီး မျက်နှာသစ်လိုက်နော်"
"မိန်းမပါလိုက်ခဲ့"
"မောင်ဘာမိန်းမလဲ မခေါ်နဲ့အဲလို နားရှက်စရာကြီး"
"ဟော ခက်ပြီ မိန်းမမို့ မိန်းမခေါ်တာလေ မိန်းမရဲ့ မဟုတ်ဘူးလားမိန်းမ"
"ကြည့်ပြောလေဆိုးလေ မောင်သွားလို့"
"အင်းသွားမယ် မိန်းမပါလိုက်ခဲ့"
ဆိုပြီး သူမကိုယ်လေးကို ပွေ့ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။
"မောင်ချပေးလို့ ပြုတ်ကျမယ်လို့"
ပြုတ်ကျမှာကြောက်လို့ သူလည်ပင်းကို အသေဖက်ကာထားတဲ့ သူမလေးအား ကြည့်ရင်း သူသဘောတကျစွာ ရယ်မိတော့သည်။
YOU ARE READING
မောင့်ရင်မှာ အမြင့်စံ(completed)
Romanceအရင်ကအရမ်းဆိုးတဲ့ကောင် ခုခင်ဗျားနဲ့တွေ့မှလိမ္မာချင်လာတာ ဘာကြောင့်လဲသိလား ခင်ဗျားကိုစောက်ရမ်းချစ်လို့