Ep-35

7.7K 227 2
                                    

အခန်း၃၅

မဟာ ဖုန်းချလိုက်တာနဲ့ ခန္ဓကိုယ်က တစ်ဆစ်ဆစ် အပ်နဲ့ထိုးသလို ခံစားချက်ကြောင့့် အသံလေးထွက်ကာ ညီးညူးမိသွားသည်။သူမနဲ့ ဖုန်းပြောကတည်းက တစ်ဆစ်ဆစ်နဲ့ နာကျင်နေတာဖြစ်သည်။သူမစိတ်ပူနေမှာဆိုးလို့သာ သူနာကျင်မှုကို သည်းခံနေတာဖြစ်သည်။

"အ ဟာ အ"

"သခင်လေး အစဉ္ပြေရဲ့လား ဘယ်လိုနေလို့လဲ"

သူအား ဆေးဖြတ်ဖို့ ပါးပါးငှားထားတဲ့ ဆရာဝန်လေးက သူအခြေအနေအားမေးနေတာကိုပင် သူစကားပြန်မပြောနိုင်သေးပေ။ခနလောက် နေတော့ ဒေါက်တာက ပါးစပ်ထဲ ဆေးထည့့်တိုက်လိုက်တာကို သူမှာ မနဲဲ မြိုချရသည်။

"သခင်လေး စိတ်ကို နည်းနည်းလျော့ပြီး အသက်ကို ဖြည်းဖြည်းချင်းရှုလိုက်ပါ ခနနေရင် နာကျင်တာနည်းနည်းသက်သာသွားလိမ့်မယ်"

"အင်း"

မဟာ တကယ်လဲ ဆရာဝန်ပြောသလို နည်းနည်းသက်သာလာသည်မို့ စိတ်ကို အေးအေးထားလိုက်သည်။တနေ့တာကို ဆရာဝန် ညွှန်ကြားတာကို သူဂရုစိုက် လိုက်နာသည်။

"ဒါက သခင်လေး ညဘက်သောက်ရမယ့်ဆေးပါ ခုက ညနေဘက်ရောက်နေပြီမို့ ညနေစာကို ကောင်းကောင်းစားပြီးမှ သောက်ပါ"

"အင်း ဒေါက်တာလဲ  ပင်ပန်းနေပြီ နားလိုက်ပါအုံး"

"ဟုတ်ကဲ့ "

ဒေါက်တာ ထွက်သွားတာနဲ့ သူဆေးအရှိန်နဲ့ အိပ်ချင်လာတာမို့   ခနအိပ်လိုက်သည်။အိပ်မက ်ထဲမှာ သူမနဲ့ အတူသူဟာ သူတို့သားဝတ်စုံလေးကို  ဝတ်ကာ မင်္ဂလာပွဲကို တူနှစ်ကိုယ် ဆင်နွဲနေကြသည်။သူဟာ ပြုံးပျော်ရွှင်နေပြီး  သူဘေးနားက အမျိုးသမီးအား ပြုံးကာ ကြည့်နေစဉ္ သူမဟာ ရုတ်တရက် သူအနားမရှိတော့ သူဟာ ခနကြောင်နေရင်းမှ
သူမအားလိုက်ရှာတော့ သူမဟာ သူအဝေးကိုသာ ပြေးပြေးနေသည်။သူအော်ရင်း သူမအား လိုက်လေ သူမသည်ပိုပြေးလေဖြစ်သည်။

"မောင့်အသည်း မောင်ကို ထားမသွားရဘူး ပြန်လာခဲ့ ပါ မောင့်အသည်း"

တစ်ကိုယ်လုံး  ဇောချွေးများပြန်ကာ မောဟိုက်နေရင်းမှ သူနိုးလာခဲ့သည်။တော်ပါသေးရဲ့ သူ့အခန်းထဲ အိပ်နေရင်း အိပ်မက ်ဆိုးမက ်တာဖြစ်သည်။အိပ်မက ်ထဲမှာ သူမဟာ သူကို မလိုချင်တာကြောင့် ထွက်ပြေးနေသည်။သူအရင်က ဒီလို အိမ်မက ်မျိုး မမက ်ပေမဲ့ အခုမက ်တဲ့ အိမ်မက ်ဟာ သူအတွက် စိတ်ကို မလုံခြုံမှုကို ဖြစ်စေသည်။ညဘက်ရောက်နေတာမို့ ရေချိုးရန် ရေချိုးခန်းထဲ ဝင်လာခဲ့သည်။မှန်ရှေ့မှာ မြင်နေရတဲ့ သူပုံစံမှာ အရင်လို မဟုတ်ပဲ မျက်ကွင်းတွေ မဲပြီး ချောင်နေသည်။အသားအရေကလဲ အနည်းငယ် ညစ်နွမ်းနေသည်မှာ နဂို အသားဖြူတဲ့သူမို့ ပိုသိသာသည်။ညနေစာကို သူစားပြီးတော့ ဆရာဝန်က သူအခြေအနေကို မေးမြန်းပြန်သည်။သူလဲ  အိမ်မက်အကြောင်းကို ပြန်ပြောပြပြီး  သူခံစားရတဲ့ဝေဒနာကို ပြောပြလိုက်သည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now