Ep-33

8K 242 4
                                    

အခန်း၃၃

ဆေးရုံမှာ ၂ပတ်ကျော်တဲ့ အထိ သူမအား မောင်က အနားကအခွာမခံ အပျောက်မခံတာမို့ သူမပဲ မောင်မိသားစုကိုမျက်နှာပူပူနဲ့ပဲ မောင်အားပြုစုပေးခဲ့သည်။မောင်အဘွားနဲ့ အစ်မကတော့  သူမကို မလိုလားတဲ့ ပုံစံမပြတော့  မောင်ကြောင့် သူမအပေါ် မကြည်ဖြူပေမဲ့ မောင်ဆန္ဒကြောင့် သူမကို လက်ခံထားပုံပင်။သူမလဲ အဓိက  မောင်အမြန်ဆုံးသက်သာစေဖို့ အတွက်သာ စိတ်ထဲထည့့်ထားသည်။အခုလဲ မောင်ကို ဆန်ပြုတ်တိုက်ပြီး ဆေးတိုက်ကာ အနားယူရန်ပြောတာကို မောင်က ခုတင်ပေါ်မှာ မအိပ်ပဲ ဆိုဖာရှည်ပေါ် သူမအား ထိုင်ခိုင်းပြီ ပေါင်ပေါ်အိပ်ချင်တယ်ဆိုကာ အိပ်နေသည်။သူမဗိုက်ကို မျက်နှာအပ်ကာ ခေါင်းနှစ်ပြီး နေတဲ့မောင်ခေါင်းလေးကို သူမလက်ချောင်းလေးနှင့် ဆံနွယ်လေးကို အသာဖွပေးတော့ ကြောင်ပေါက်လေးလို ငြိမ်နေသည်။ခနနေတော့ မောင်စီက အသက်ရှုသံ မှန်မှန်လေးကြောင့် မောင်အသက် ရှုရခက် မှာ ဆိုးလို့မောင်မျက်နှာကို
လှည့်လိုက်သည်။နာရီဝက်လောက်နေတော့
မောင့်သူငယ်ချင်းတွေနဲ့ သူမသူငယ်ချင်းတွေ ပါ ဝင်လာတာမို့ မောင်နိုးသွားမှာဆိုးကာ အသံတိတ်ရန် နှုတ်ခမ်းပေါ် လက်ညိုးတင်က အချက်ပြလိုက်မှ ပြောလက်စ စကားသံကို အသံလျော့ကာ ပြောကြသည်။

"မဟာ အိပ်နေတာလား"

"အင်း အခုပဲ အိပ်ပျော်သွားတာ  "

"ကျနော်တို့ ကောင်ကြီးကို ပြုစုနေတာနဲ့ မမစံလဲ ပင်ပန်းနေပါပြီ "

ခွန်က မဟာကို မပင်မပန်းပြုစုရှာတဲ့ မမစံကိုလေးစားမိသည့့်အတွက် ပြောလိုက်သည်။

"ဟုတ်တယ် မမစံလို ချစ်သူရတာ ဒီကောင် ကံကောင်းတယ်လို့ ပြောရမယ်"

ရန်နိုင်ကလဲ ထောက်ခံသည့့် အနေဖြင့် ပြောလိုက်သည်။

"ဒါနဲ့ စံ မဟာကို  ဆေးအမြစ်ပြတ်အောင် ဘယ်လိုဖြတ်ဖို့ စီစဉ္ထားလဲ"

"ငါဆရာဝန်ကြီးနဲ့ တိုင်ပင်ကြည့်တာတော့ မောင်ဒဏ်ရာတွေ ပျောက် မှ ဖြတ်ဖို့ပြောတယ်နန်း ပြီးတော့ မဟာအဖေကလဲ ဒီကိစ္စကို လူသိထင်ရှား မဖြစ်စေချင်ဘူးလေ အဲတော့ ငါလဲ ဘယ်လို ဆက်လုပ်ရမလဲ မသိသေးဘူး"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now