Ep-18 ( warning )

22K 306 6
                                    

ခမ်းနားလှသော တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်ထဲ ရှိ   နှလုံးအထူးပြု စာသင်ခန်းထဲတွင် ပါမောက္ခ ရှင်းပြနေသော စာတမ်းတစ်ခုကိုစံတစ်ယောက်သေချာလိုက် မှတ်နေသည်။အတန်းပြီးလို့ သူမဆေးရုံဂျူတီလဲမရှိတာမို့   အိမ်ပဲတန်းပြန်တော့မည်။မောင်ဆီမှ  စာပို့ထားတဲ့မက ်ဆေ့မတွေ့တာမို့ စိတ်ထဲဘဝင်မကျတော့။မောင်မအားလို့နေမှာပါလို့ တွေးမိပြီ မောင်ကိုသာ သတိရနေမိသည်။မောင်သူမဆီမလာတာ ၄လလောက်ဖြစ်နေပြီမို့  အရမ်းတွေသတိရနေကြောင်းကို
မောင်လာမှ  ရင်ခွင်ထဲတိုးကာ ပြောပြတော့မည်။ခေါင်းငိုက်ဆိုက်နဲ့ဘေးဘီ မကြည့်ပဲ လျှောက်နေတုန်း  သူမရှေ့ ပေါ်လာတဲ့ ဖိနပ်ဖြူ နဲ့ခြေထောက်တစ်စုံကြောင့်  ခေါင်းလေးမော့ကြည့်လိုက်တော့  ပြုံးပြနေတဲ့ မောင်

"မောင်"

ဆိုပြီး  မောင်ဖွင့်ပေးတဲ့  ရင်ခွင်ထဲ တိုးဝင်ကာ လွတ်ထွက် မတက်ဖတ်မိတော့  မောင်ခဗျာ ခြေတစ်လှမ်းတောင် နောက်ဆုတ်မိသွားသည်။

"မောင် အသည်းရယ် ဖြေးဖြေးဖက်ပါ မောင်ထွက် မပြေးပါဘူးကွာ"

"မောင်နော် ဒီက သူကိုလွမ်းလို့ဖက်တာကို"

"ဟုတ်လား မောင်အသည်းလေးက လွမ်းနေတာလား "

"အွန်း"

ရင်ခွင်ထဲကနေခေါင်းတွေ  ဇွတ်ငြိမ့်နေတဲ့ သူမကြောငိ့  သူသဘောကျစွာ ရယ်မိသည်။

"မောင် အသည်း  ရေသွားရအောင် မောင်လေဆိပ်ကနေမင်းကို  အရင်တွေ့ချင်လို့ လာတာ  ဟိုတယ်တောင်မဝင်ရသေးဘူး"

"ဟင် ဟုတ်လား  ဟုတ်သားပဲ  အထုတ်သယ်ထားတာ ခုမှတွေ့တယ်  မောင်ဟိုတယ်မှာမတည်းနဲ့တော့ စံနဲ့အတူတိုက်ခန်းမှာပဲ နေ"

"ဟင်  အဲလိုလုပ်လို့ရလား   မဖြစ်ပါဘူး မင်းသိက္ခာရှိသေးတယ်လေ "

"မောင်ကလဲ စံဘာမှမဖြစ်ဘူး  မောင်ကိုယုံတယ်  "

"ဒါပေမဲ့ "

"ကဲ  ဒါပေမဲ့မနေနဲ့   စံကမိန်းကလေးနော်
ခေါ်နေရတာရှက်လာပြီ"

"အင်းပါ မောင်လိုက်ခဲ့မယ်   မင်းနဲ့အတူနေချင်နေတဲ့ ကောင်ပါကွာ"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now