Ep-26

7.7K 214 14
                                    

အခန်း ၂၆

မဟာ အဘွားကို တဲွကာ လူစုံနေသော ထမင်းဝိုင်းတွင် အဘွားအား ခုံပေါ်ထိုင်စေပြီ သူပါ လွတ်တဲ့နေရာ ဝင်ထိုင်လိုက်သည်။အားလုံး စားသောက်ပြီးတာနဲ့ အချိုတည်းရန် စောင့်နေစဉ္ အဘွားနဲ့မိဘနှစ်ပါးအား ကြည့်ကာ

"အဘွား  ပါးပါး ကျနော် မိသားစုတွေ စုံတုန်း အသိပေးစရာနဲ့ ခွင့်တောင်းချင်လို့ပါ"

သူပြောတော့ ပါးပါးက သူအားကြည့်လာကာ

"ဘာလဲ သားလုပ်ငန်းချဲ့ဖို့လား  ပါးပါးတောင်မေးဖို့လုပ်နေတာ သားဆိုင်တွေ နာမည်ရတာ ဝမ်းသာတယ်ကွာ"

"ဟုတ်ကဲ့ ခုက လုပ်ငန်းကိစ္စမဟုတ်ဘူး ပါးပါး သားမှာ ချစ်သူရှိနေပြီ"

"မောင်လေး"

ထိပ်ထားက သူစကားမဆုံးခင် စကားဖြတ်ပြီးဟန့့်တားသလိုပြောတာမို့ သူစကားပြတ်ကာ အစ်မတော်အား စူးခနဲ ကြည့်ကာ

"ကျနော်ကိစ္စ  မမထိပ်ထားဝင်မပါဖို့ ပြောထားတယ်မလား"

"ငါက"

"ကဲသမီးခနလေး  သားခုနစကားပြန်စက်ပါအုံး သားချစ်သူဆိုတာ"

"ဟုတ်တယ် ပါးပါး ကျနော်လဲ ခုကျောင်းပြီသွားပြီ ပြီတော့ သားချစ်သူနဲ့လဲ လက်ထပ်ဖို့စီစဉ္ထားတယ် အဲဒါသားပါးပါးနဲ့ အဘွားကို အသိပေးတာပါ"

"သားချစ်သူက ဘယ်ကလဲ ဘာလုပ်တာလဲသား"

"မန္တလေးကပါ   အလုပ်ကတော့ ဆရာဝန် နှလုံးအထူးကုပါ ပါးပါး သားထက် ၃နှစ်လောက်ကြီးတယ်  အဖေအမေက မရှိတော့ဘူး အဘွားနဲ့နေတယ်"

"သားက ကြိုက် မဲ့ကြိုက်တော့  ပညာတက်ချွေးမလေးပဲကွ   မွေ့ မင်းတော့ ဆရာဝန်ချွေးမ ရတော့မယ်"

"ဟုတ်ပ မွေ့ကို သားပြောပြလို့ မွေ့ကကြိုသိနေတာပါနော်"

"ဟုတ်လား"

"သမီးက မေကြီးထက် ကြိုသိနေတာပါနော် ကိုကို"

ကြာရိုးက ဝင်ပြောသည်။

"အဲဒါ နင်စပ်စုလို့လေ'

"ဘာပဲ ဖြစ်ဖြစ်   မေကြီးနဲ့ပါးပါး ယောင်းမလေးက  အချင်းရော အဆင်းပါ ပြည့်စုံတယ် သဘောလဲ ကောင်းတယ်သိလား"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now