Ep-37 ( Warning)

17.7K 244 4
                                    

အခန်း၃၇

မန္တလေးမြို့   အကြီးဆုံး ဟိုတယ်ကြီးထဲရှိ  မင်္ဂလာခန်းမထဲတွင်  နှစ်ဖက်မိဘ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ကာ  မင်္ဂလာမောင်နှံကို ချီးမြောက်ကြလေသည်။နှစ်ဖက်အသိုင်းးအဝိုိင်းကောင်းသူများမို့  ပဲွကလဲ ပိုစည်လေသည်။မဟာတစ်ယောက်  မြန်မာရိုးရာ သတို့သားဝတ်စုံနဲ့ ကျက်သရေခေါင်းပေါင်းကို ပေါင်းထားသည်မှာ ခန့့်ညားလွန်းကာ လိုက်ဖက်ပေမဲ့ အိန္ဒြေမရစွာ သတို့သမီး အလှပြင်ခန်းရှေ့တွင် ဂနာမငြိမ် ထိုင်လိုက်ထလိုက်လုပ်နေလေသည်။ဒါကို သူငယ်ချင်း ဖြစ် သတို့သားအရံအဖြစ်ပါဝင်ထားတဲ့  ခွန်နဲ့ရန်နိုင်မှာတော့ မဟာကို ကြည့်မရစွာဖြင့်

"မဟာရယ် ငါတို့ခေါင်းတွေမူးနေပြီကွာ ထိုင်နေစမ်းပါ"

"ငါစိတ်လုှပ်ရှားနေလို့ပါ မင်းတို့ကလဲ အေးပေါ့လေ မင်းတို့ကောင်တွေ ငါခံစားချက်ကို နားမလည်ပါဘူး ပြောလဲအပိုပဲ မိန်းမမှမရှိတာ"

"ဟ  သူငယ်ချင်းအချင်းချင်းကို ဖဲ့တယ်နော် အေးပါကွာ ငါတို့အရှုံးပေးပါတယ်"

ခွန်တို့ နှစ်ယောက်သား  ပြောနေလဲ သူတို့ပဲ အဖဲ့ခံရမှာမို့ ဆက်မပြောတော့ပဲ ထိုင်သာကြည့်နေရတော့သည်။ခနနေတော့ မိက်ကပ်မာမီထွက်လာတာနဲ့  မဟာ အထဲသို့ ဝင်သွားတာကို တားဖို့တောင် သူတို့ မမီီတော့။

မဟာ အခန်းထဲ ရောက်တာနဲ့  သူမသူငယ်ချင်းတွေက  သတို့သမီး ဝတ်စုံလေးအား နေရာကျအောင်ချပေးလေသည်။ သူဝင်လာတော့ သူမလေးက သူအား ကြည့်ကာရှက်ပြုံးလေးပြုံးပြလေသည်။မဟာ မြန်မာဆန်စွာ လှပနေသော သူမမျက်နှာလေးကို လှရက်လွန်းလို့ ငေးကာကြည့်နေမိသည်။သူအကြည့်ကြောင့့်  သူမလေးရှက်ရွံစွာ  သူအားသတိပေးသလိုလေး ခေါ်လိုက်မှ သူအသိဝင်ကာ သူမအနားကပ်သွားလိုက်သည်။

"မောင်"

"အဟွန့် မောင်အသည်းအရမ်းလှနေလို့  မောင်တောင်သတိလက်လွတ်ဖြစ်သွားတယ် ဆောရီး"

"မောင်နော်"

နန်းနဲချယ်ရှိနေလို့ သူမ မောင်ကို ဟန့့်လိုက်ရသည်။

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now