Extra

10.2K 235 8
                                    

Extra

၆ နှစ်ခန့့်ကြာပြီးနောက်

"မားမား  အိပ်ပုတ်လုပ်မနေနဲ့  ထတော့ သားသား  တောင်မနက်စာ စားပြီးပြီ မားမားက မထသေးဘူး"

ညက ဂျူတီထွက်ချိန်မှာ အရေးပေါ် လူနာကို ခဲွခန်းဝင်လိုက်ရတာကြောင့် သူမ မနက်၃နာရီမှ အိမ်ပြန်ကာ အိပ်တာကို မသိတဲ့ သားက သူမအားနိုးနေချင်ဖြစ်သည်။သူမတို့ အိမ်ထောင်သက် တစ်နှစ်ကျော်မှ သားလေးကို ရပြီ ခုဆို သားလေးက လေးနှစ်ပြည့်တော့မှာမို့ စကားကောင်းကောင်းပြောတက်နေပြီ ဖြစ်သည်။အဖေနဲ့ ရုပ်ရည်သာမက အကျင့်ပါ တူကာ သူလိုချင်တာကို မရရအောင် တဇွတ်ထိုး လုပ်တက်တဲ့ အကျင့်လေးကြောင့် သူမနဲ့မောင်က သိပ်အလိုမလိုက်ရဲပဲ သားလေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ နှစ်ယောက်သား အမြဲတိုင်ပင်ကာ အတူဆုံးမရသည်။

"အင်းပါ သားရဲ့ မားမားထပါပြီ  သားသားက 
မနက်စာ စားပြီးပြီပေါ့ဟုတ်လား လာပါအုံး မေ့ချစ်တုံးလေးက မွှေးနေတာပဲကွာ"

"မားမား   မျက်နှာလဲ မသစ်ပဲနဲ့ သားသားကို နမ်းနဲ့"

"မရဘူး နမ်းမှာပဲ"

သားကိုယ်လေးကို ရင်ခွင်ထဲ ဖက်ကာ မွှေးလိုက်တော့ သားတော်မောင် အသန့်ကြိုက်လေးက ရုန်းရှာသည်။

"မိန်း  ဟေ့ယောင် ငါ့မိန်းမ အိပ်နေတာကို မနှောင့်ယှက်ရဘူးလို့ ပါးပါး ပြောလိုက်တယ်မလား"

မဟာ အခန်းထဲ ရောက်တော့  လုံးထွေးနေတဲ့ သားအမိကြောင့့် သူမ သားကြောင့် နိုးလာမှန်းသိလိုက်သည်။ခါတိုင်းလို နိုးမှာဆိုးလို့တောင်  မနက်စာ သားကို ကျွေးတုန်းက သူသေချာ သားကို ပြောထားသေးသည်။ခုတော့ ဒင်းးလေးက မအေကို ရအောင်တောင် နိုးထားတာမို့ သူမလေးအိပ်ရာဝအောင် မအိပ်ရတာကြောင့် သူစိတ်တိုသွားတာ

"မိန်းမဟာ   မင်းအခုချက်ချင်း မားမားကို တောင်းပန်လိုက် မားမား  အလုပ်ပင်ပန်းထားလို့ သားကို ပါးပါး မနိုးရဘူးလို့ ပြောတာကို မှတ်မိတယ်မလား"

သူအဖေဆူတော့ သားလေးက ညိုးငယ်စွာ သူမအား ကြည့်လာတာကို သူမမသိချင်ယောင် ဆောင်လိုက်သည်။သူတို့နှစ်ယောက် တိုင်ပင်ထားတာက သားကို ဆူရင် ဘယ်သူမှ ကာကွယ်ပြောဆိုတာနဲ့ သားရှေ့မှာ နှစ်ယောက်သား သဘောထားကွဲစွာ ဆုံးမနေစဉ္ အငြင်းမပွားဖို့ဖြစ်သည်။တကယ်လို့ သူမတို့တစ်ယောက်နဲ့တစ်ယောက် ဆုံးမနေစဉ္ အငြင်းပွားစရာရှိရင်လဲ သားနောက်ကွယ်မှ ဆွေးနွေးဖို့ ဖြစ်သည်။မဟုတ်ရင် သားက သူကို ကာကွယ်ပေးတဲ့သူရှိရင် ရောင့်တက်မှာကို သူမတို့နှစ်ယောက် စိုးရိမ်လို့ပင်ဖြစ်သည်။


မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now