Ep-3

14.2K 406 6
                                    

မဟာ ကန်တင်း၌သူငယ်ချင်းများ စောင့်နေတယ် ဆိုတာကြောင့် ကားပါကင်ထိုးပြီး
ကန်တင်းဘက်ကို လမ်းလျှေက ်လာခဲ့သည်။
သူလမ်းတစ်လျှောက် လူတွေကြည့်တာကို လစ်လျှူရှုလိုက်သည်။ကျောင်းမှာ ကျူတိုဖြေရမှာမို့ စောရန်နိုင် ဖုနး်ဆက်တာနဲ့ ရှပ်အနက်ကို ဝတ်ကာ တွေ့တဲ့ပုဆိုးကောက်ဝတ်လာလိုက်သည်။လမ်းလျှောက်ရင်း အိင်္ကျီလက်ကို တံတောင်းနားထိခေါက်လိုက်ရာ လက်ကတက်တူးနဂါးခေါင်းက ပေါ်လာသည်။သူငယ်ချင်းများကိုတွေ့တာနဲ့ ခုံမှာဝင်ထိုင်ပြီး  စစ်ပ်ခွန်မှိုင်းဆီက စီးကရက်တစ်ခုယူကာ  မီးညှိလိုက်သည်။ မဟာဝင်လာတာနဲ့
ဆိုင်ပိုင်ရှင်ရောက်လာကာ

"သခင်လေး ဘာများသုံးဆောင်မလဲခင်ဗျ"

"မြီးရှည် တစ်ပွဲပဲချပေး"

"ကျူတိုချိန်က ဘယ်တော့လဲ"

"၁နာရီ "

"အဲဒါပြီးရင် မင်းတို့နှစ်ယောက် ဘားကိုလိုက်ခဲ့အုံး"

"မင်းကလဲ ကျောင်းရောက်တုန်းနေပါအုံး
စော်လေးဘာလေး ငန်းရအောင်"

"ရန်နိုင်ရာ မဟာဆိုင်ရောက်ရင်လဲ မငန်းရမှာကျလို့"

"မတူဘူး ခွန်ရ ဒီမှာက မြန်မာဆန်ဆန်လေကွာ feel ချင်းမတူဘူးကွ   မင်းကဘာလို့ဆိုင်ကို အစောကြီးသွားမှာလဲ"

"ငါ အပြင်အဆင်နဲနဲချိန်းမလို့ကွ ခုပုံစံကကြာနေပြီးလေ အမြဲသစ်နေမှ ဆိုင်ကဆွဲဆောင်နိုင်မှာပေါ့ကွ"

"အေးပါ မင်းကဘယ်လိုစဉ္းစားထားလဲ"

"ငါကကွာ လူငယ်တွေမကပဲ မိသားစုပါ သက်သောင့် သက်သာ လာနိုင်တဲ့ပုံစံလေးလုပ်မယ်လို့ စဉ္းစားထားတယ်"

"ကောင်းပါတယ် ဘယ်တော့စလုပ်မှာလဲ"

"ဒီနေ့ပဲ "

"ဘာ  မင်းပြောတော့ သွားကြည့်မှာဆို"

"ငါကျောင်းကိုမလာခင်ကပဲ ငါ့စိုင်းကိုဖုန်းဆက်ပြီး ဖြစ်ချင်တဲ့ပုံပြောထားတယ် ခုကသူလုပ်နေတာကို သွားကြည့်ယုံပဲ"

"အားကျတယ်ကွာ ငါလဲအလုပ်မှာစိတ်ချရတဲ့သူရှိရင် သက်သာမှာ"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now