Ep-17

10.3K 258 1
                                    

အခန်း၁၇

" အား ဖြေးဖြေးလုပ်ပါဟ နာလိုက်တာ"

"ရှင့်ကို ဒီလိုပုံစံဖြစ်အောင် လုပ်တဲ့သူကိုတွေ့ချင်လိုက်တာ ဆုချချင်လို့"

"ဘာ  မာရီယာ  မင်းသေချင်နေတာလား   ဒီတစ်ခါငါဉာဏ်နည်းလို့ခံလိုက်ရတာ  နောက်တစ်ခါ င့့ါအလှည့်ပဲ  မာရီယာ ငါစုံစမ်းခိုင်းတာသိရပြီလား"

"အင်း  အခုလေးတင်  အချက်အလက်တွေရလာတယ်   ဖောက် မကြည့်ရသေးဘူး"

"ပေးငါ့ကို"

မုန်တိုင်းလဲနေရာမှ  ခုတင်ကိုမှီလိုက်ပြီး  စာအိတ်ကို ဖောက်လိုက်သည်။တွေ့လိုက်ရသော အချက်အလက်တွေကြောင့် သူပြိုင်ဘက်က အကောင်ကြီးမှန်းသိလိုက်ရသည်ည်။သူအချက်အလက်တွေကို  ဘေးနားပစ်ချလိုက်တော့ မာရီယာကကောက်ကြည့်သည်။

"ဒီတစ်ခါ ပြိုင်ဘက်က မြင့်လှချေလား ထိတ်ထိတ်ကြဲ သခင်လေး၃ယောက်နဲ့ ရှင့်အတွက် ကျွန်မ စိတ်ပူတယ်"

"စိတ်ပူစရာမလိုဘူး ငါလဲဒီလိုပြိုင်ဘက်ကိုစောင့်နေတာ  ငါကိုအသေမသတ်ပဲ ကျားနာဖြစ်အောင်လုပ်မှတော့   ကျားနာတစ်ကောင်နဲ့တုန်ပြန်မှုဟာဘာလဲပြပေးရမှာပေါ့"

​ြံကုံးဝါးရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူလက်စားချေရန်အစီအစဉ္ကိုရေးဆွဲနေမိသည်။

မဟာတို့အဖွဲ့အောင်ပွဲခံတဲ့အနေနဲ့ ခြံထဲမှာ ဝိုင်းဖွဲ့ကာ သောက်နေကြသည်။သူစိတ်ထဲမှာတော့ မုန်တိုင်းကိုအသေမသတ်မိတာကို နောင်တရနေမိသည်။တစ်ချိန်ချိန်မှာ ပြသနာဖြစ်လာမှာကို သူမလိုလားပေ။ကိ္စ္စတစ်ခုလုပ်လို့  သူတို့၃ယောက်မျက်နှာကို မြင်မိတဲ့သူဟာ သေလမ်းကိုသာပို့ရမည်။မဟုတ်ရင်
သူတို့ရဲ့ ဘဝထဲကို အနှောင့်အယှက်ပေးလာနိုင်သည်။အတူစားသောက်နေတုန်း ဖုန်းဝင်လာတာမို့ ကိုင်ဖို့ကြည့့်လိုက်တော့ မောင်အသည်းဖြစ်နေသည်။

"ဟဲလို မောင် "

"အင်း'

"အသံတွေ ဆူနေတယ်  အပြင်မှာလား"

သူ့လူတွေနဲ့ ဝေးရာစီသို့ ထွက်လာလိုက်သည်။

"အင်း ဟုတ်တယ် အပြင်ရောက်နေတာ အလုပ်ကိစ္စရှိလို့လေ  သူငယ်ချင်းတွေပါတယ်   ခုဘာလုပ်နေလဲမောင့်အသည်း''

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now