Extra final ( Warning)

16.9K 313 17
                                    

Extra 2

ကျယ်ဝန်းလှသော ခြံဝန်းထဲရှိ  အိမ်ကြီးရှေ့တွင်  ကားရပ်လိုက်တာနဲ့ အဘွားနဲ့မဟာမိသားစုတွေက စောင့်နေကြသည်။စံ သူမကိုယ်ပေါ်က သားလေးကို အရင် မောင်က ချပေးလိုက်မှ သူမလဲ ဆင်းလိုက်သည်။သားသားကားပေါ်က ဆင်းတာနဲ့မဟာ မိသားစုက သူမသားလေးကို ဝမ်းပန်းတသာ  ကြိုဆိုတာမြင်တော့ သူမစိတ်အေးရသည်။

"ဘွားမြေးလေးက ဖုန်းထဲမှာထက် အပြင်မှာ ပိုချောတာပဲ သားအဖေငယ်ငယ်ကနဲ့ တစ်ပုံစံထဲ လာပါအုံး ဘွားစီကို"

ဒေါ်နန်းမဟာက  သားလေးကို သူ့အနားခေါ်တော့ သားလေးက မောင်နဲ့သူမကို လှည့်ကြည့်လေသည်။သူမက သားလေးကို ခေါင်းညိတ်ပြမှ သားလေးက သူ့အဖွားစီသွားလေသည်။

"ကဲ သားတို့ အထဲလာလေ လာသမီးလာ "

"ဟုတ်ကဲ့"

မဟာ အမေက သူမလက်ကလေးကို ဆွဲကာ ဧည့်ခန်းသို့ ခေါ်သွားလေသည်။သားလေးကတော့ မဟာ အစ်မ ထိပ်ထားနဲ့ အဘွားကြားထိုင်ကာ  မေးသမျှကို သူအတွေးလေးနဲ့ သေချာ ဖြေနေသည်။မဟာ အဖေကလဲ သူသား ရောက်လာတာကို တစ်ပြုံးပြုံးနဲ့ ပျော်နေကာ အလုပ်ကိစ္စအကြောင်း  မောင်နဲ့ ပြောနေကြသည်။

"သမီးစံက ကလေးအမေသာ ဖြစ်လာတာ အရင်အတိုင်းပဲ လှနေတုန်းကွယ် မြေးလေးတစ်ဖက်နဲ့ဆိုတော့ ခုသမီး အလုပ်ကရော"

'' ဆေးရုံမှာ မထိုင်ဖြစ်တော့ဘူး မေမေ သားလေးတစ်ဖက်နဲ့ဆိုတော့ အပြင် ပုဂ္ဂလိကလောက်ပဲ အချိန်နဲ့ ထိုင်ပေးတယ် မေမေ"

"ခုလို သမီးတို့ အဆင်ပြေနေတာ မြင်တော့ မေမေသိပ်ဝမ်းသာတာပဲ သားကို ခုလို စီးပွားရေး အိမ်ထောင်ရေးမှာ အဆင်ပြေပြေ မြင်ရတာ သမီးကျေးဇူးတွေပါ သမီးရယ်"

"မေမေရယ် သမီးအတွက်လဲ ခုလိုမိဘလို ယောက္ခမကောင်း ရတာ ကံကောင်းတာပါ မေမေ ဒါနဲ့  ထိပ်ထားက ဒီရောက်နေတာလား"

သားလေးနဲ့ စကားပြောနေတဲ့ ထိပ်ထားအား သူမကြည့်ကာ မေးလိုက်သည်။မေမေက သူ့သမီးကို ကြည့်ကာ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချသည်။

''သမီးယောက် မ   ယောကျာ်းနဲ့ စိတ်ဆိုးပြီ  ဒီရောက်နေတာ ၂ပတ်လောက်ရှိပြီလေ  အိမ်ထောင်သက် ၃နှစ်ကျော်တဲ့အထိ သားသမီးက မရတော့ ယောက္ခမတွေ ယောင်းမတွေနဲ့ မတည့်ကြဘူးလေ  သူယောကျာ်းလဲ အရင်ဆိုရင် ချက်ချင်းလာခေါ်တာ ခုတော့လာမခေါ်ဘူး  ထိပ်ထားကို မေးတော့လဲ သေသေချာချာ မေးလို့မရပါဘူးကွယ်"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now