CHAPTER-(10)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်ချူရှောင်းဂိမ်းဆော့တဲ့အခန်းကထွက်လာတဲ့အခါ ည8နာရီတောင်ရှိနေပြီဖြစ်သည်။ သူမဂိမ်းကိုခဏအနားပေးတဲ့အခါ ဒီနေ့အစောပိုင်းက ယိချန်နဲ့အစေခံတွေကြားမှာဖြစ်သွားတဲ့ပြဇတ်ငယ်လေးအကြောင်း အန်တီလီကသူမကိုအသိပေးရင်း ညစာပြင်ပေးနေလေသည်။
ချူတုံ့ချီနဲ့ဖန်ချင်းကတော့ သူမကိုကတိပေးထားသည့်tiramisuအချိုပွဲကိုပေးဖို့ အိမ်ကိုစောစောပြန်လာကြပြီး သူမတစ်ယောက်တည်းအိမ်မှာပျော်နေတာကိုတွေ့တော့ မနှောင့်ယှက်လိုတာကြောင့် သူမအခန်းကထွက်လာခဲ့သည်။
ချူရှောင်းဂိမ်းbossကိုရှင်းလင်းဖို့ကျရှုံးသွားတာကနေ ခဏအနားပေးရင်းtiramisu
အချိုပွဲကို အလုတ်အနည်းငယ်ကိုက်လိုက်သည်။ ထို့နောက်tiramisuအချိုပွဲကအရမ်းအရသာရှိတာကို သူမသိရှိသွားလေသည်။ ချူတုံချီနဲ့ဖန်ချင်းတို့သူမနဲ့အတူတူရှိပေးဖို့ အိမ်ကိုစောစောပြန်လာတာကိုသတိရသွားတဲ့အခါမှာတော့ ဂိမ်းခလုတ်ကိုပိတ်ပြီးသူတို့ကိုရှာဖို့ အောက်ထပ်လှေကားဆီအပြေးလေးဆင်းသွားတော့သည်။""ဖေဖေနဲ့မေမေ ညစာဘာစားကြမလဲ? သမီးကို ဝက်သားချိုချဥ်တစ်ပန်းကန်လောက် လုပ်ပေးနိုင်မလားဟင်"
ဆိုဖာပေါ်ကသတင်းစာဖတ်နေတဲ့စုံတွဲက ချူရှောင်းရဲ့တတ်ကြွတဲ့အသံကိုကြားတော့မော့ကြည့်လိုက်ကြပြီး ဖန်ချင်းကပြုံးရင်းပြန်ပြောသည်။
"ဟုတ်ပါပြီ။ အန်တီလီရဲ့ဟင်းချက်စွမ်းရည်ကအကောင်းဆုံးမို့လို့ သူမကိုချက်ဖို့ပြောလိုက်မယ်။ သမီးရဲ့ခန္ဓာကိုယ်ပြန်ကျန်းမာပြီးအားရှိဖို့ ညစာစားချိန်မှာ များများစားရမယ်နော်။
"ဟုတ်ကဲ့ပါ"
ချူရှောင်းဆိုဖာပေါ်ကသူမမိဘနှစ်ယောက်ကြား ဝင်ထိုင်ပြီးသူတို့ရဲ့သတင်းစာကိုကြည့်လိုက်သည်။ သူတို့ကစီးပွားရေး၊ စတော့တွေနဲ့ သတခြားစီးပွားရေးဆိုင်ရာသတင်းတွေကိုဖတ်နေကြ၏။ သို့ပေမယ့် သူမထိုအရာများကိုလုံးဝနားမလည်ချေ။

YOU ARE READING
အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့
Adventureအမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ သူမဘဝရဲ့ဒုတိယအခွင့်အရေးဖြစ်နေမှတော့ အနာဂတ်ကိုစိတ်ပူမှာထက်ပစ္စုပ္ပန်မှာပဲပျော်ပျော်ရွှင်ရွှင်နေမည်။ ...