အပိုင်း (၁)

30.9K 1.2K 12
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၁)

~ပုသိမ်ပညာရေးကောလိပ်~

ဆိုင်းဘုတ်ကြီးအားတစ်ချက်ကြည့်ကာ ပြုံးလိုက်မိသည်။ကားလေးမှာတံတားလေးအားဖြတ်ပြီး လမ်းကြားလေးထဲသို့ဦးတည်ကာနေရမဲ့အဆောင်ဆီသို့ရောက်လာလေသည်။

"နွေး မမတို့ပြန်တော့မယ်နော် အဆင်မပြေတာရှိရင်ပြောနော် ညီမလေး အဝေးမှာဆိုတော့ စိတ်မချဘူးကွယ်"
"ရပါတယ်မမရဲ့ နွေးက ကလေးမှမဟုတ်တော့တာပဲ လက်ထောက်ကထိကတောင်ဖြစ်နေပြီကို အဆင်ပြေပါတယ် ဒီကလူတွေကလည်းဖော်ရွေပုံပါပဲ မမရဲ့"
"အင်းပါ အဲ့တာဆို မမတို့ပြန်မယ် ပိတ်ရက်ရှည်ကျပြန်လာခဲ့နော်"
"ဟုတ်မမ နွေးပြန်ခဲ့မှာပါဖေဖေ နဲ့မေမေကိုလည်းဂရုစိုက်ပါအုံးနော်"
"အင်းပါ စိတ်ချ အိမ်အကြောင်းတွေးမနေနဲ့"
ပြောပြီး ကားပေါ်တက်သွားသော မမကို နွေး ကြည့်ပြီးနှုတ်ဆက်ကာ ကားလေးထွက်သွားသည်နှင့်အခန်းထဲဝင်လာလိုက်မိတော့သည်။

နွေးက ခုမှဒီကိုရာထူးတိုးနဲ့ပြောင်းလာတာမလို့ အရာရာကအစိမ်းသက်သက်ဖြစ်နေခဲ့သည်။ကျောင်းကကျောင်းကြီးလည်းဖြစ်သလိုကျယ်လည်းကျယ်၊အဆောင်တွေလည်းများတော့ အဝေးကလူတွေအတွက် အခန်းတစ်ယောက်တစ်ခန်းရတော့ပိုအဆင်ပြေလှသည်။နွေးကသုံးထပ်ဆောင်ရဲ့အပေါ်ထပ်မှာပဲရွေးနေဖြစ်လိုက်တော့သည်။အောက်ထပ်ဆိုလူဝင်လူထွက်များတာကြောင့် အေးအေးဆေးဆေးနေလို့ပြေမဲ့အပေါ်ထပ်ကိုရွေးခဲ့တာပင်။တစ်ထပ်ကိုနှစ်ခန်းပဲရှိတာမလို့တိတ်ဆိတ်လှသည်။အခန်းတွေကကျယ်သည့်အပြင် အိပ်ခန်း၊ဧည့်ခန်း၊မီးဖိုခန်း၊ရေချိုးခန်း၊အိမ်သာအပြင်လသာခန်းပါပါသည်။နွေးနေရာချစရာကျန်တဲ့ပစ္စည်းတွေကိုနေရာချကာ ကိုယ်လက်သန့်စင်ပြီးcanteenဘက်ထမင်းသွားစားဖို့ထွက်ခဲ့လိုက်သည်။

"အသစ်ရောက်လာတာထင်တယ် canteenသွားမလို့လား"

နွေးအခန်းကအထွက်ဘေးခန်းကတစ်ယောက်ကလှမ်းမေးလိုက်တာမလို့ပြုံးပြရင်း

"ဟုတ်၊နွေးကအခုမှအသစ်ရောက်လာတာပါ။ Canteen ဘက်ထမင်းသွားစားမလားလို့လေ"
"တို့လည်းခုမှပြောင်းလာတာ အဖော်ရတာပေါ့ "
တစ်ယောက်နဲ့တစ်ယောက်စကားတွေပြောရင်းရင်နှီးသွားကြသည်။
"ကျောင်းလေးကသာယာတယ်နော် အရင်ကျောင်းမှာဆို ကျောင်းသေးတော့ ဒီလိုအခန်းမပေးနိုင်ဘူး Hallထဲမှာစုနေရတာ"
"ဟုတ်တယ် နွေးတို့ဆီလည်းတူတူပါပဲ ဒီကကျောင်းကြီးလည်းဖြစ်တာကို အဆောင်တွေလည်းများတယ် "
စကားတပြောပြောနဲ့Canteenဘက်သို့ရောက်လာကြတော့သည်။
----
"မြင့်မိုရ် တီချယ့်ဆီသွားမှာမလား"
"အင်းလေ အခုသွားမလို့ နင့်တို့ကိုစောင့်နေတာ"
"အင်း သွားကြမယ်လေ နောက်ဆုံးချိန်တီချယ်က သူ့စာလက်စသတ်နေတာနဲ့နည်းနည်းနောက်ကျသွားတာ တီချယ်ကcanteenမှာမလား "
"အင်း"
မြင့်မိုရ်တို့သူငယ်ချင်းသုံးယောက်ကအမြဲတမ်းတွဲလျှက်ပင်။မြင့်မိုရ်နဲ့ပေဖူးက SS-3 မှဖြစ်ပြီး သဇင်ကတော့ FA -1မှာပင်။အတွဲမတူပေမဲ့ငယ်ငယ်တည်းကတွဲလာကြတဲ့သူတွေမလို့ တွဲဖြစ်ခဲ့ကြတာပင်။တစ်မြို့တည်းသမားတွေလည်းဖြစ်သလို အခု တက္ကသိုလ်ကျတော့အတူတူမလို့ ရေစက်ထက်ရေပန့်ပင်ဖြစ်နေလေပြီ။
"မြင့်မိုရ်"
ခေါ်သံကြားတာကြောင့်လှမ်းကြည့်လိုက်တော့ Canteenက ထမင်းဆိုင်ထဲကနေလက်လှမ်းပြနေတဲ့ တီချယ်ဒေါ်နှင်းပန်းချီအားတွေ့ရသည်။ထမင်းဆိုင်ဆီသို့ခပ်သွက်သွက်ကလေးသွားလိုက်ရင်း တီချယ်ထိုင်သည့်စားပွဲတွင်ဝင်ထိုင်လိုက်သည်။
"တီချယ်စောင့်နေရတာကြာသွားလား"
"မကြာသေးပါဘူး တီချယ်လည်းခုနလေးမှရောက်တာ။သမီးတို့စားဖို့တစ်ခုခုမှာလေ "
"ဟုတ်"
မြင့်မိုရ်တို့သုံးယောက်ထမင်းတစ်ယောက်တစ်ပွဲစီမှာလိုက်ကြသည်။
"တီချယ် ပစ္စည်းတွေထည့်ပြီးပြီလား ဟိုကိုဘယ်တော့သွားမှာလဲ"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now