အပိုင်း (၁၆) (Uni+Zawgyi)

13.6K 887 95
                                    

မြတ်နိုးရသော ပန်းတစ်ပွင့်
အပိုင်း (၁၆)

မြင့်မိုရ်တစ်ယောက်စားဆောင်ကနေအူမြူးပြီးပြန်လာတာ အဆောင်မှူးကိုမြင်မှရပ်သွားတော့သည်။

"ဟော မြင့်မိုရ်ပြန်လာပြီလား နွေးက စားဆောင်မှာပဲမလား"
"ဟုတ်တယ်တီချယ် စားဆောင်မှာ တီချယ်တို့ လုပ်တော့မှာလား"
"ဟင့်အင်း မလုပ်သေးဘူး လူလည်းအကုန်ပြန်မလာကြသေးဘူးလေ ငါးနာရီကျော်လောက်မှ စပြင်ဆင်ကြမယ် ရေချိုးနှင့်"
"သြော် ဟုတ်ကဲ့တီချယ် ဒါဆို သမီးရေချိုးပြီးဆင်းလာမယ်"
"အေးအေး သမီးတစ်ခြားသူတွေလည်းထပ်ပြောလိုက်ပါအုံး"
"ဟုတ်ကဲ့တီချယ်"ဟုဆိုကာ မြင့်မိုရ်အပေါ်တက်လာလိုက်တော့သည်။ဒီနေ့ အဆောင်မှာ မုန့်တီ လုပ်စားကြမှာပင်။တီချယ်တို့နှစ်ယောက်က အကုန်အကျခံကာ ကျွေးခြင်းသာ။ဒီညက study hourရှိတာကြောင့်မနက်ဖြန်မှလုပ်ခိုင်းတာကို ​အဆောင်သူတွေက ဝိုင်းပြီးတောင်းဆိုတာကြောင့် ဒီနေ့ Feb(14)ညမှာလုပ်စားဖို့ဖြစ်ခြင်းသာ။
"ဟဲ့ မြင့်မိုရ် ဘာတွေတွေးလာနေတာလဲ အခန်းကျော်တော့မယ်"
"မတွေးပါဘူး ဒီတိုင်းမုန့်စားရတော့မဲ့အကြောင်းတွေးနေတာ ဟဲဟဲ "
"နင့်တီချယ်ကရော ကောက်တော်မူတာ ပြေပြီလား"
"ပြေပြီ ပြေပြီ မပြေလို့လည်းရမှမရတာ"ဟုပြောရင်း စားဆောင်ကအကြောင်းပြန်တွေးကာ မြင့်မိုရ်ပြုံးလိုက်မိသည်။
"နင်ရေချိုးပြီးသွားတာလား အဲ့တာဆို ငါလည်းသွားချိုးတော့မယ် ငါးနာရီကျော်ရင် ချက်ဖို့ပြုတ်ဖို့ပြင်ကြမယ်တဲ့"
"အေးအေး သွားချိုးသွား နင်ပြန်လာတာနဲ့အချိန်ကွက်တိလောက်ကျမှာ "
"အင်း"ဟုဆိုကာ အဝတ်အစားတွေချွတ်ပြီးရေလဲထဘီဝတ်ကာ ရေချိုးကန်ဆီ ထွက်လာလိုက်မိသည်။ရေချိုးကန်ရောက်တော့ အသံတွေဆူညံလို့နေသည်။ရေချိုးချိန်ကျမှပဲဆုံကြစကားပြောကြရသလိုပင်။ ဟိုဘက်ကန်က နွယ်ခက်ဝေ ဆိုတဲ့အသံကြားတာကြောင့် ရေချိုးရင်း နားစွင့်လိုက်မိသည်။
"ဟဲ့ ဟို နင်တို့အခန်းကကောင်မလေးလေ ဘယ်သူပါလိမ့် နွယ်တော့ပါတယ် သြော်သိပြီ နွယ်ခက်ဝေ သူတီချယ်လေးကို ချောကလက်နဲ့ပန်း ပေးတာသိလား စားဆောင်ထဲမှာ ခွံ့တောင်ကျွေးသွားသေးတယ် တီချယ့်ကို"
"အေးငါလည်းတွေ့တယ် သူတီချယ်လေးကို ခွံ့ကျွေးတာ ငါကတီချယ်လေးမစားဘူးထင်နေတာ"
"အေး ငါရောပဲ တီချယ်လေးက ခပ်တည်တည်ဆိုတော့လေ"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now